"ကျမ်းစာမရှိဘူးတဲ့ မင်းငါ့ကိုလိမ်တာဘဲ..."

"ဘိုဏီ!..."

လူဟန်ရဲ့အော်သံပါ သွေးတွေစီးကျလာတဲ့ဗိုက်ကိုဘဲဖိထားရမလား... သေနတ်ဒင်နဲ့ရိုက်ခံထားရလို့ သွေးတွေကျနေမြဲဖြစ်တဲ့ခေါင်းကိုဘဲဖိထားရမလား...

ဒိုင်း... ဒိုင်း!...

သေနတ်သံတွေဘဲကြားတော့တယ် ပစ်ခတ်သံတွေကြည့်ဘဲ သေချာတာတစ်ခုက ဆောင့်ဆွဲခံလိုက်ရပြီးမကြာပါ ချောက်ကမ်းပါးပေါ်ကနေ တွန်းချခံလိုက်ရတယ်...

"သွားပေဦးတော့ ကျမ်းစာအုပ်ရပြီ ဟားဟား ဟား..."

ဘိုဏီကိုတွန်းချသူရဲ့မျက်နှာကိုမြင်လိုက်ရတာမလို့ အံ့သြထိတ်လန့်မှုတွေကအထင်းသား... လန့်အားနဲ့မပြုတ်ကျခင် သစ်မြစ်ကိုဆွဲလိုက်တာမလို့ တွဲလျက်ခိုနေတယ်...

မျက်နှာချင်းဆိုင်ကျောက်ကမ်းပါးကိုကြည့်လိုက်တော့...

"ဟင် ကျမ်းစာပုရပိုဒ်..."

ဗူးနဲ့ထည့်ထားတဲ့အရာမလို့ မြေထဲဝင်နေတဲ့ဗူးကိုဆွဲအထုတ် သစ်မြစ်ပြတ်သွားတာကြောင့် ခန္ဓာကိုယ်ကလေဟာနယ်ထဲကနေ ကမ္ဘာမြေရဲ့ဆွဲအားကြောင့်အရှိန်နဲ့ပြုတ်ကျသွားတယ်...

"အရိပ်မည်း... မင်းပေးတဲ့ကတိတည်ပါတော့ ဒီမှာကျမ်းစာရပြီ..."

မြေပြင်ပေါ်မကျခင် တစ်ပေအလိုမှာ ခန္ဓာကိုယ်ကရပ်တန့်သွားပြီ အရိပ်မည်းပေါ်လာတယ်...

"မင်းကိုသတိပေးခဲ့သားဘဲဘိုဏီ ခုတော့ကြည့်ပါဦးကွာ စုတ်ပြတ်သပ်နေပြီ..."

"ကျမ်းစာကိုယူပြီး လူဟန်တို့ကိုကယ်ပေးပါကွာ ဒီကျမ်းစာအတွက် ငါတောင်းပန်ပါတယ်..."

"အင်း မင်းရဲ့တောင်းပန်မှုကိုလက်ခံတယ် မင်းကိုပေးတဲ့ကတိကိုငါတည်တယ် မင်းပေးဆပ်ရမဲ့အလှည့်ရောက်ပြီဘိုဏီ ကဲသွားပေဦး..."

.............

သက်ဆိုင်ရာကရဲတွေရောက်လာကြတယ်... နောက်မှာဖူးနဲ့Dr.Rayပါတာမလို့ အံ့သြနေရပါတယ်...

"ဘို ဘိုဏီကို ဆွဲ  ဆွဲခေါ်သွားကြ..."

စကားမဆုံးသေး သတိလစ်သွားတာမလို့ လူဟန်ကိုနီးစပ်ရာဆေးရုံပို့ဖို့ပြင်နေကြတယ်... ရဲတွေကလည်း လုပ်စရာရှိလုပ်ပြီး အကြမ်းဖက်အဖွဲ့ကိုဖမ်းသွားပေမဲ့ ဘိုဏီကိုမတွေ့ကြဘူးဆိုတယ်...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now