" ဆိုးဝမ်နာဒီနေရာက အရက်ဆိုင်နော်မင်းကဒီမှာရေလာသောက်တာလား.."
ဆိုပြီး ရယ်သံစွတ်ပြီးပြောလိုက်တယ်..

" ငါသောက်ရင်မူးသွားမှာပေါ့.."

" ဟုတ်ပါပြီ မင်းသဘောကျသောက်ပါ... ညီလေးအကို့ကို ဝိုင်ဖြူတစ်ခွက်.."
ဟန်ဂျင်ဆော့မှာပြီး ခဏနေတော့ဝိုင်ဖြူတစ်ခွက်ရောက်လာတော့တယ်...ဟန်ဂျင်ဆော့ထိုခွက်ကိုကိုင်ထားရင်း လာပို့ပေးတဲ့ကောင်လေးကိုအကဲခတ်လိုက်တယ်..

အဲ့ကောင်လေးရဲ့မျက်လုံးဟာတောင်ကြည့်မြောက်ကြည့်ဖြစ်နေပြီး လက်တွေလည်းတုန်နေလေတယ်..နှဖူးပေါ်၌ချွေးစတစ်ချို့ကိုလည်းမြင်လိုက်ရသည်။ ဒါ့ကြောင့်ထိုဝိုင်ဖြူခွက်ထဲမှာ စိတ်ကြွဆေးခတ်ထားပြီးပြီဆိုတာကိုသိလိုက်ရတယ်..ဒါကြောင့်..

' ရှင်းယွမ် ဒီခွက်ထဲကစိတ်ကြွဆေးပျယ်သွားအောင်လုပ်လိုက်...'

'Ok'

ရှင်းယွမ်ဆီကနေလုပ်ပြီးပြီဆိုတော့ အသံလည်းကြားရော ထိုဝိုင်ဖြူကိုတစ်ခါတည်းသောက်ချလိုက်တယ်..

" ဝေ့ဝေ့ ဖြေးဖြေးသောက်ပါ ငါလုမသောက်ပါဘူး.."

" ဒီတိုင်းပဲငါသောက်ချင်လာ.."
လို့စကားမဆုံးခင်မှာပဲ ဟန်ဂျင်ဆော့ခုံပေါ်ကနေ ပြုတ်ကျသွားတော့မလိုဖြစ်သွားတယ်..အဲ့အခါဆိုးဝမ်နာဟာ လန့်သွားပြီဟန်ဂျင်ဆော့ကို ဟန်ချက်ညီအောင်သွားထိန်းရတော့တယ်..

" ဟဲ့..ဟဲ့ အော်ငါပြောပါတယ်ဖြေးဖြေးသောက်လို့ အခုကြည့်နင်မူးသွားပြီမှတ်လား... "

" အစ်မဒီအကိုကြည့်ရတာ တော်တော်မူးနေတယ်ထင်တယ် ကျွန်တော်တို့ဆီမှာအခန်းလွတ်ရှိတယ်ဗျ.. "
ဟန်ဂျင်ဆော့ကိုဝိုင်ခွက်လာပေးတဲ့ ကောင်လေးသူတို့ဆီကို အပြေးရောက်လာပြီ..လာပြောပြတာဖြစ်သည်။

" ဟုတ်လား..အတော်ပဲမောင်လေးရယ်...တစ်ချက်လောက်သယ်ပေးပါအုန်း..."
ဆိုပြီးကူညီတောင်းလိုက်တယ်.. ထိုကောင်လေးကလည်းဟန်ဂျင်ဆော့ရဲ့ ကိုယ်ကိုကူသယ်ပေးလိုက်တယ်..နောက်တော့ထိုကောင်လေး​ပြောတဲ့အခန်းထဲ ရောက်သွားကြသည်။

ထိုကောင်လေးဟာဟန်ဂျင်ဆော့ရဲ့ကိုယ်ကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး သွားတော့မယ်လို့ဆိုးဝမ်နာကိုနှုတ်ဆက်ဖို့လုပ်တုန်းရှိသေး..မူးချင်ယောင်ဆောင်နေတဲ့ဟန်ဂျင်ဆော့ဟာ ထလာပြီးထိုကောင်လေးကိုကုတင်ပေါ်ပစ်လှဲချလိုက်ကာ အပေါ်ကနေအုပ်မိုးလိုက်ပြီး သူ့ရဲ့တတောင်စစ်နဲ့ထိုကောင်လေး လည်ပင်းတည့်တည့်ကိုချိန်ထားလိုက်တယ်..

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now