ယခုတော့ ဆိုးဝမ်နာနဲ့တွေ့ဖို့အတွက်သွားမလို့ပဲရှိသေး လီမင်းဟာသူပါလိုက်မယ်ဆိုပြီး ပြောနေလေတယ်..ဟန်ဂျင်ဆော့ဟာလီမင်းတစ်ခုခုဖြစ်မှာကို မလိုလားတာကြောင့်သူ့ကိုနေခဲ့ခိုင်းတာဖြစ်သည်။ ဒါပေမဲ့လီမင်းဟာသူပါလိုက်မယ်ဆိုပြီး မရမကပြောနေတာကြောင့် ဟန်ဂျင်ဆော့ဟာဒေါသထွက်ချင်ယောင်ဆောင်ပြီး အော်ဟစ်သောင်းကျန်းလိုက်တယ်..

လီမင်းဟာဟန်ဂျင်ဆော့သူ့ကိုအဲ့လိုလုပ်မယ်လို့ မထင်ထားတာကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့တယ်..ဟန်ဂျင်ဆော့ပြသနာတွေကို ဖြေရှင်းပြီးမှချော့တော့မယ်ဆိုပြီး လီမင်းကိုထားခဲ့ကာသူထွက်လာခဲ့တယ်..သူလည်းတော်တော်စိတ်မကောင်းဖြစ်မိတယ်..ဒီလိုမျိုးလီမင်းကိုအော်လိုက်မိတဲ့အတွက်ပေါ့။

လီမင်းကိုမခေါ်ရတဲ့အကြောင်းအရင်းဟာ သူလွတ်လွတ်လပ်လပ်ဟန်ဆောင်လို့ ရမှာဖြစ်တဲ့အတွက်ပေါ့။ သူသာတစ်ခုခုလုပ်လိုက်ရင် လီမင်းကသူ့ဆီကိုချက်ချင်းရောက်လာပြီး ဖျက်စီးပစ်မှာကြောက်တာကြောင့်လည်းဆိုင်သည်။ ဟန်ဂျင်ဆော့ဟာဆိုးဝမ်နာထိုင်နေသော် နေရာကိုသွားလိုက်တော့တယ်..

ဆိုးဝမ်နာရဲ့အရှေ့ခုံမှာထိုင်လိုက်ကာ..

" တစ်ခုခုဖြစ်လို့လား.."

" နင်မကြာခင်ပဲရစ်သွားတော့မှာလေ ကြိုတင်နှုတ်ဆက်တဲ့အနေနဲ့ ခေါ်လိုက်တာ.."

" မသိရင်ငါကဒီကိုယ်တစ်သတ်လုံးပြန်မလာတော့မှာကျနေတာပဲ.."

" ပြောလို့မရဘူးလေ နင်အဲ့မှာပဲအခြေချနေရင်ရော.."

" မင်းပြောမှငါစဥ်းစားမိတယ် ငါအဲ့မှာပဲအခြေချရင်ကောင်းမလား.."

" ဟန်ဂျင်ဆော့..."

" စတာပါ ဒါနဲ့နင်ဘာလို့ငါ့ကိုခင်တွယ်နေရတာလည်း.."

" ငါ့ကိုစိတ်ရင်းအမှန်နဲ့ခင်တာဆိုလို့ နင်ပဲရှိတယ်.. တခြားသူတွေကငါ့ကိုစိတ်ရင်းမှန်နဲ့ခင်တွယ်ကြတာမဟုတ်ဘူး..ငါချောလို့လှလို့ငါ့ကိုအသုံးချလို့ရလို့ ငါ့ဘေးနားမှာရှိနေကြတာ..ဂျွန်းဂျီယောင်းရောပဲ.."
လို့ပြောပြီး သူ့အရှေ့ကရေခွက်ကို သောက်လိုက်သည်။

ဒုတိယအခွင့်အရေး (Arc-4) (Oc)Onde as histórias ganham vida. Descobre agora