အခန်း (၁၁)

Start from the beginning
                                    

ဒီလိုနှင့်ပဲ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြရသည်။

-----------

ညဖက် ၁၂ နာရီကျော်အချိန်ဟာ တကယ်ပင်တိတ်ဆိတ်လို့နေသလို ကားပေါ်မှာရှိသည့်ခရီးသည်တွေဟာလည်း အိပ်မောကျနေကြသည်။ ကားပေါ်ကဖွင့်ထားသော သီချင်းသံဟာ ခပ်ငြိမ့်ငြိမ့်လေးဖြစ်သည့် ခင်မောင်တိုးရဲ့သီချင်းတွေကို ခပ်တိုးတိုးဖွင့်ထားတော့ ပို၍အိပ်ပျော်စေသည်ထင်ပ။

လိုက်ကာစကိုအနည်းငယ်ဆွဲထားတော့ ကားမှန်ကနေတစ်ဆင့် အမှောင်ထုကိုမြင်တွေ့နေရပေမဲ့ ကားမီးရောင်ကြောင့် ဝိုးတဝါးမြင်ရသည့်မိုင်တိုင်တွေကို လိုက်ရေတွက်မိနေသည်။

အိပ်ပစ်လိုက်ပြီးအချိန်တွေကိုဖြုန်းရတာထက် ဖြတ်သန်းသွားလာရသော မိုင်တိုင်တွေကိုရေတွက်ရတာကြိုက်သလို သီချင်းသံငြိမ့်ငြိမ့်ဖြင့် အမှောင်ထုကိုငေးနေရတာဟာ တကယ်ပင်စိတ်ခံစားချက်ကို ကောင်းမွန်စေသည်။

မမကြီးတို့ရဲ့ ပွစိပွစိပြောမှုတွေကြောင့် ကိုယ့်ဘာသာ မသွားရတော့ပဲ နှစ်ယောက်သား လိုင်းကားဖြင့်သာသွားဖို့ဆုံးဖြတ်လိုက်ရသည်။ ဒရိုင်ဘာနှင့်ကြတော့လည်း အဆင်မပြေဘူးဆိုတော့။

"အိပ်မပျော်ဘူးလား"

အေးစိမ့်နေအောင်အေးသည့် ကားအဲကွန်းကြောင့် အနွေးထည်တင်မကဘူး ကားပေါ်ကစောင်ကိုပါခြုံထားရသည်။ နွေငုဝါရဲ့ပခုံးတစ်ဖက်ကိုမှီထားသော သျှင်းမြတ်တလူဟာလည်းနိုးနေပုံပေါ်သည်။

"အိပ်ရမှာ နှမြောစရာကောင်းလို့လေ ညဖက်အဝေးပြေးခရီးသွားရတာရဲ့အရသာက သီချင်းနားထောင်ပြီး အမှောင်ထုကိုငေးရတာပဲ"

"အမှောင်ကိုကြိုက်တာလား"

"အမှောင်ဆိုတာ အရောင်တစ်မျိုးပဲလေ ပြီးတော့ လူတွေမှာလည်း စိတ်အမှောင်တွေရှိကြတာပဲ အသိစိတ်ကထိန်းချုပ်ထားလို့သာပေါ့ လူတွေရဲ့စိတ်အမှောင်ဟာမမြင်နိုင်ဘူး သဘာဝရဲ့အမှောင်ထုကြတော့မြင်နိုင်တယ် တကယ်တော့ မြင်နိုင်တဲ့အရာတွေကကြောက်စရာမကောင်းပါဘူး မမြင်နိုင်တဲ့ လူတွေရဲ့စိတ်အမှောင်ကသာ ကြောက်စရာကောင်းတာ"

You And IWhere stories live. Discover now