အခန်း (၅)

5.2K 449 2
                                    

စိတ်ပျက်လက်ပျက်ဖြစ်ကာ ထိုင်နေသော အမျိုးသမီးဟာ ရယ်စရာကောင်းသည်ဟု သျှင်းမြတ်စိတ်ထဲထင်မိသည်။ ခုံရဲ့နောက်ကျောကိုမှီကာ လက်ကိုပိုက်ထားပြီး သူ့ပုံစံကစိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံစံ။

တကယ်တော့ ဒီနွေငုဝါဆိုသော အမျိုးသမီးကို လက်ထပ်ပါမည်ဆိုပြီးတော့ သျှင်းမြတ်တလူ ကတိပေးခဲ့သည်မဟုတ်ပါလား။ ရယ်တော့ရယ်စရာပင်။ အချုပ်အနှောင်တွေကို မုန်းသည့်မိန်းမက ဘာရယ်မဟုတ် ဒီအမျိုးသမီးနဲ့နေရတာဟာ စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းသည်ဟု ထင်ရသောခံစားချက်ကြောင့် ခေါင်းငြိမ့်လိုက်မိသည်။ တွေ့သည့်အချိန်ဟာခဏလေးဆိုပေမဲ့လို့ နွေငုဝါရဲ့ စကားတွေကိုသဘောကျသလို သူ့ရဲ့စိတ်ဟာလည်း တူညီလိမ့်မည်ဟုထင်သည်။ ပြီးတော့ တကယ်တော့ သျှင်းမြတ်ကလည်း သူ့အပေါ်အထင်လွဲမှုကြောင့် ကိုယ့်ကိုသဘောကျနေသည်ဟုထင်ကာ စတင်ဦးဆောင်မိသည်မဟုတ်ပါလား။ အလိုတူအလိုပါဆိုပေမဲ့လို့ စမှားမိသူကသျှင်းမြတ်ပဲလေ။

သူ့ရဲ့ညီအစ်ကိုမောင်နှမတွေရှေ့မှာ လက်မထပ်ချင်လို့ သျှင်းမြတ်ကို ငြင်းပယ်ရန် အရိပ်အမြွက်မျိုးစုံကိုပြသနေသော နွေငုဝါဟာ သျှင်းမြတ်ကိုစိတ်ကြည်လင်ပေါ့ပါးစေသလို စိတ်ထဲမှာလည်း သူ့ကိုစချင်လာသည်။ တစ်ခုကိုလည်းတွေးမိသွားတာက ဒီအမျိုးသမီးနဲ့သာအတူတူနေကြရရင် သူတို့ဘယ်လိုဖြစ်မည်လဲဆိုတာပင်။

ထက်မြက်သော မိန်းမတွေဟုခေါင်းစဉ်တပ်ကာ စီးပွါးရှာနိုင် လင်ယောကျာ်းကို ချုပ်ကိုင်နိုင်သည်ဟု ကြွေးကြော်နေသောမိန်းမတွေပေါင်းများစွာကိုတွေ့ခဲ့ဖူးသည်။ သို့သော် ယောကျာ်းယူရမည့်အရေးကို အကြောက်အကန်ငြင်းကာ ကိုယ့်အတွက်သာစဉ်းစားသည့် မိန်းမမျိုးကရှားသည်လေ။

ထိုသို့သော မိန်းမတွေကြတော့လဲ တစ်ကိုယ်ကောင်းဆန်သည့်သူဟုခေါင်းစဉ်တပ်၍ရနိုင်သော်လည်း လောကကြီးမှာ ဘယ်သူကများ တစ်ကိုယ်ကောင်းမဆန်တာရှိလို့လဲ။ အနည်းနဲ့အများတော့ရှိကြတာပင်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ်အတွက် တစ်ကိုယ်ကောင်းဆန်ခြင်းဟာ ဘယ်သူ့ကိုမှမထိခိုက်သလို မိမိကိုယ်ကိုဆန်ဖိုးထားမှုတစ်မျိုးပင်လို့ သျှင်းမြတ်ကတော့ခံယူသည်။

You And IWhere stories live. Discover now