အခန်း (၇)

5.3K 475 3
                                    

"တစ်ခုခု စားချင်သေးလား"

ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာ နောက်မှီပြီး ပင်ပန်းနေပုံရသော နွေငုဝါကို သျှင်းမြတ်ရယ်မောကာမေးလိုက်သည်။

"စားချင်တာကတော့ အများကြီးပဲ ဒါပေမဲ့ ညဖက်ကို အများကြီးစားရင် ဝိတ်တက်မယ်ထင်တယ် စားသင့်လား မစားသင့်ဘူး"

သျှင်းမြတ်ရယ်ချင်စိတ်ကိုမနည်းအောင့်ထားရသည်။ တကယ် ချစ်စရာကောင်းတာပဲ။ နွေငုဝါကိုကြည့်ရတာဟာ တကယ်ကိုအေးအေးဆေးဆေးပင်။ မနက်ကစောစောထရလို့ စူပုတ်နေသည့်မျက်နှာကလွဲရင် ကျန်ရှိသော တစ်နေကုန်အချိန်မှာ အေးအေးဆေးဆေးပင်။
မသိရင် သျှင်းမြတ်ကိုငြင်းပယ်ခဲ့သည်သူဟာ သူမဟုတ်သည့်အလားပင်။

"တစ်ခါတစ်လေစားတာတော့ ဘာမှမဖြစ်ပါဘူး ဘေဘီကအမြဲတမ်းစားတတ်လို့လား ညနေခင်းကို"

"အမြဲတမ်းတော့ မစားတတ်ပါဘူး ညစာတွေအများကြီးစားတာ ကျန်းမာရေးအတွက်သိပ်မကောင်းဘူး"

"အိုခေ တစ်ခါတစ်လေရတယ်ဆိုတော့ ဘာစားချင်လဲမှာလိုက်မယ်"

"အကုန်စားတယ် ရှင်စားချင်တာမှာလိုက် အဝတ်အစားသွားလဲတော့မယ် စိတ်ရှုပ်လို့"

ဖုန်းကိုကိုင်ကာ delivery မှာနေသော သျှင်းမြတ်ရယ်ချင်သွားမိပြန်သည်။ နွေငုဝါဆိုသော အမျိုးသမီးဟာ တကယ်ကို ခင်မင်ချင်စရာကောင်းသည်ဟု ထင်လာသည်။

သူမလည်း အဝတ်အစားလဲဖို့အခန်းထဲဝင်လိုက်တော့ ရေချိုးခန်းကထွက်လာသော နွေငုဝါကိုတွေ့ရသည်။ တပတ်တစ်ထည်ကိုသာ ပတ်ထားသည့်မို့လို့ လှပလွန်းသောခန္ဓာကိုယ်ရဲ့ အသားအရည်ဟာထင်းလို့နေသလို ကြည်လင်နေသော အသားအရည်ဟာ ထိကြည့်မိလို့ အနာတရဖြစ်သွားမှာတောင်စိုးမိသည်။

ခန္ဓာကိုယ်အချိုးအစားအရပြောရရင်လည်း နွေငုဝါဟာ တကယ်ကို ပစ္စည်းရှိလူတန်းစားပင်။ အရပ်အမောင်းဟာ သျှင်းမြတ်ထက်ပုသည်ဆိုသော်လည်း သူ့ခန္ဓာကိုယ်အချိုးအစား သူ့မျက်နှာအသွင်အပြင်နှင့် အရပ်အမောင်းဟာ လိုက်ဖက်လို့နေလေသည်။ တစိမ့်စိမ့်ကြည့်လေ ပို၍ကြည့်ကောင်းလေ ဆိုသော ပုံစံမျိုးဖြစ်သည်မို့ သျှင်းမြတ် မျက်လုံးတွေကိုမလွှဲဖယ်မိခဲ့။

You And IWhere stories live. Discover now