Second chance

1K 102 17
                                    

အရင်နေ့တွေလိုပဲ ပုံမှန်သွားနေကျနေရာဖြစ်တဲ့ သားကျောင်းကိုရုံးက အပြန်ဝင်လာခဲ့လိုက်တယ်။ပုံမှန်တွေ့နေကျအတိုင်း လမ်းပေါ်က သစ်ရွက်ခြောက်တွေကိုတံမြည်စည်းလှည်နေတဲ့ အမျိုးသမီးတစ်ဦးရယ် လူကူးမြင်ကြားတစ်ဖက်ခြမ်းဆီမှတစ်ဖက်ခြမ်းဆီသို့ ကူးနေသော လူကြီးအိုမတွေကို ကူညီနေကျဖြစ်သည့်ယာဉ်ထိန်းရဲလူကြီးရယ် စိုထိုင်းထိုင်းမြေကြီးပေါ်မှပြန့်လွင့်လာသောမြေသင်းနံ့လိုင်လိုင်လေးရယ် အရာအားလုံးကတော့ပုံမှန်ပါပဲ။အရင်နေ့ကလို မတူတော့သည့်အချက်တစ်ခုမှတော့ ယခုသူဟာ တစ်ခုလပ် ယောက်ကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့ပြီး။

ဘာအကြောင်းကြောင့်ရယ်လိုတော့ မည်သူကိုမှမဖော်ပြလိုချင် အထူးသဖြင့် သူသားလေးဖြစ်သည့်Leo Lucasကိုပင်။ဟယ်ရီထင်ခဲ့သည်..သူအတွက်အချစ်သည် သံယော်ဇဉ်ထက် ပိုအရေးကြီး ပိုခိုင်မြဲလိမ့်မည်လိုပေါ့။ထိုထင်မြင်ချက်ကြောင့်လည်း သူချစ်ရသူထက် သံယောစဉ်ပိုရှိသောအမျိုးသမီး ဂျင်နီကိုရွေးချယ်ခဲ့သည်။အရာအားလုံးကတော့အစပိုင်းမှအဆင်ပြေကျသမြဲမဟုတ်လား အချစ်မရှိ၍ မပျော်ရွှင်သောသူတို့အိမ်ထောင်ရေးကို သားလေးမျက်နှာဖြင့်အားတင်းထားခဲ့ရာ သူမည်သို့မှဤအခြေအနေကိုထောက်ခံနိုင်ခြင်းမရှိတော့ပေ။

ထိုနည်းတူစွာ လူအများရှေ့မှစံပြမိခင်တစ်ဦးအဖြစ် သူတို့အိမ်ထောင်ရေးသာယာနေဟန်နေနိုင်ခဲ့သော ဂျင်နီကိုယ်တိုင်ပင် ဤအခြေအနေကိုတောင်ခံနိုင်ခြင်းမရှိတော့ အပြတ်ပြတ် နှင့်နှာခေါင်းသွေးမထွက်မှီ ဒီအနေအထားကိုရပ်တန်ဖို့ပဲ သူမဘက်ကစတောင်းဆိုခဲ့သည်။တရားရုံးရဲ့ဆုံးဖြတ်ချက်အရ Leoအသက်၁၈နှစ်မပြည့်ခင်အထိ ဖခင်ဖြစ်သူတလှည့်မိခင်ဖြစ်သူတလှည့် အုပ်ထိန်းခွင့်ရကြပြီး အရွယ်ရောက်သည့်အခါLeoသဘောအတိုင်းနေခွင့်ရှိသည်။

ဟယ်ရီ သားဖြစ်သူLeoအပေါ် မှော်လောကနှင့်ပတ်သတ်ပြီးအန္တာရာယ်တစ်စုံတစ်ရာကျရောက်မည် မလိုလာပေ။ဤသည်ကြောင့်လည်း Leoကိုမွေးဖွားသည့်အချိန်မှစ၍ သူသည်မှော်ဆရာလေးဖြစ်သည်ဆိုတာ သူကိုယ်တိုင်ပင်မသိခဲ့။ဂျင်းနီဖြင့်လက်ထပ်ပြီးသည့်နှင့်မှော်လောကနှင့်အဆက်အသွယ်ဖြတ်ခဲ့ရာ သူကိုယ်တိုင် သာမန်လူသားတစ်ယောက်ကဲ့သို့ပင် ရုံးအလုပ်တစ်ခုတွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ခရစ်စမတ်အတိုင်း မစ္စဝေစလင်တို့ ဟယ်ရီတို့အိမ်သို့ အလှည်လာတတ်ကြရာ သိုးမွေး၊ဆွယ်တာတို့အပြင်သူနှင့်ရွန်တို့ငယ်ငယ်က စားခဲ့ကြသည့်သကြားလုံးကလေးများလည်း ယူလာတတ်သေးသည်။

Drarry one shots collectionWhere stories live. Discover now