The Room of Requirement

2.2K 233 16
                                    

[A/N : This takes place in 6th years ]

နေရောင်ခြည်ရဲ့ အလင်းရောင်းဖြာဖြာဟာ နှင်းစက်နှင်းပေါက်များ ပြန့်လျက်ရှိသော ပြတင်ပေါက်ကိုဖြတ်လျက် အခန်းအား နွေးထွေးမူကိုပေးစေသည်။ဆောင်းတွင်းဝယ်ကာလ ဖြစ်သည့်အတွက် ပတ်ဝန်ကျင်မှာအနည်းငယ်ချမ်းအေးမူရှိနေရာ ဟယ်ရီတို့သူငယ်ချင်းသုံးယောက်မှာတော့ နားနေခန်းထဲရှိမီးလင်းဖိုရဲ့ရှေ့ရှိဆိုဖာပေါ်မှာထိုင်ကာ မီးလှုံလျက်ရှိနေသည်။ထိုမီးအရောင် သူတို့အားနွေးထွေးမူကိုပေးနေသရောင်ရှိနေ၏။

ဆောင်းရာသီအချိန်လည်းဖြစ် ခရစ်စမတ်ကာလလည်းနီးပြီးဖြစ်သည့်အတွက် ကျောင်းသားများမှာ မိမိတို့နေအိမ်ကိုပြန်မည့်ကိစ္စအတွက်အထုပ်အပိုတွေကြိုတင်ပြင်ဆင်ကာ အလုပ်ရှုပ်နေသည့်ကာလလည်းဖြစ်နေပေသည်။ဟယ်ရီ မီးလင်းဖိုအားစိုက်ကြည်နေမိကာ မကြာသေးမှီကDeath Eaters တွေကြောင့်ဆုံးပါးသွားသော သူ၏ခေါင်းကိုင်ဖခင်ဖြစ်သည့် ဆီးရီးယက်ဘလက်ခ် အားလွမ်းဆွတ်တမ်းတနေမိကာ ဝမ်းနည်းစွာဖြင့် ထိုမီးလင်းဖိုအားစိုက်ကြည်နေမိသည်။

ဟယ်ရီသူရဲ့ ရှုပ်ထွေးသော အတွေးအစတွေကိုပါ ထိုနေရာထဲတွင်လောင်မြိုက်စေချင်နေမိ၏။ သုံးယောက်သားလုံး အသံတိတ်ကာ နေနေမိရာ နောက်ဆုံးမှာတော့ ဟာမွန်နီရှိကဘဲစ၍" ဒီနေ့တော်တော်အေးတယ်နော်ဟယ်ရီ.. ခရစ်စမတ်ကာလနီးလိုနဲ့တူတယ် နင်ဘာအစီအစဉ်ရှိလည်းအဲ့နေကျရင် ငါစဉ်းစာမိတာကတော့..ငါဒီနှစ်တော့အိမ်မပြန်ရင်ကောင်းမလားလို့ နင်တို့နဲ့တူတူဖြတ်သန်းရအောင်လေ"

သူမစကားဆုံထိအထိ ဘာသံမှမထွက်လာသော ဟယ်ရီအား သူမထပ်၍" ဟယ်ရီ နင်ဘာတွေတွေးနေတာလဲ ? "ဟယ်ရီတစ်ယောက်အတွေးနယ်ပယ်ထဲမှနစ်ဝင်နေရာ သူရဲ့သူငယ်ချင်းဖြစ်သည့် ဟာမွန်နီရဲ့ အသံကိုကြားမှအသိဝင်လာကာ " ဟာမွန်နီ နင်ဘာပြောလိုက်တာလဲ တောင်းပန်ပါတယ် ငါသေချာမကြားလိုက်ဘူး "

ဟာမွန်နီကစိတ်မရှည်တော့သည့်အသံဖြင့်" ဒီနေ့အေးတယ် နင်ဘာလုပ်ဖိုအစီအစဉ်ရှိလည်း ခရစ်စမတ်အတွက် နောက် နင်ဘာတွေတွေးနေတာလဲ?"

ဟာမွန်နီစကားဆုံသည့်အခါ သူမရဲ့ဘေးကသူမကောင်လေးဖြစ်သည့်ရွန်က ဆိုဖာပေါ်မှာချထားသောသူမရဲ့လက်နှစ်ဖက်အားနူးညံ့ညင်သာစွာဖြင့် သူလက်ဖြင့်ဆွဲကောက်ယူလိုက်ကာ သူရဲ့လက်နှစ်ဖက်မှနွေးထွေးစေရန် စွပ်ထားသော လက်အိတ်အားချွတ်လိုက်၍ သူရဲ့ချစ်သူမိန်းကလေးရဲ့လက်နှစ်ဖက်အားစွပ်စေပြီး သူမအား ရွန်းလက်သောမျက်ဝန်းတစ်စုံဖြင့် စိုက်ကြည်ကာ"ဟာမွန်နီ အရမ်းအေးနေတာလား ဒီလိုဆိုရင်ရောနွေးသွားပြီးမဟုတ်လား ဒီထပ်အေးရင် ကိုယ်....."

Drarry one shots collectionWhere stories live. Discover now