Trick or Treat

1.2K 132 2
                                    

ရွှေဖရုံသီးဝဝဖြိုးဖြိုးကြီးထဲတွင် အပေါက်များပေါက်ထားကား ဟောခန်းတစ်ခုလုံးမှာ မီးရောင်စုံဖြင့်လှပလိုနေနေသည်။Halloween ပွဲတော်ရာသီဖြစ်သည့်အချိန်မို့ ဟောခန်းတစ်ခုလုံးသာမကာ ကျောင်းတစ်ခုလုံးပါ အပေါက်ဖောက်ထားသောရွှေဖရုံသီးများဖြင့်အလှဆင်ထားသည့်အပြင် ကျောင်သားများကပါ ပွဲတော်နှင့်လိုက်ဖက်ညီသော ဝတ်စုံများကိုဝတ်ဆင်လိုထားကြသည်။

အချိန်အခါသမရာမှာ ညစာစားချိန်ဖြစ်သည့်အလျှောက် ဟောခန်းတစ်ခုလုံးမှာ စကားသံများဖြင့် ဆူးဆူးညံ့နေလေသည်။ထိုဆူးညံ့သောကျောင်သားများအတွင်းမှ ရွှေအိုရောင်ဆံနွယ်၊ငွေရောင်မျက်ဝန်းလေးဖြင့် ကောင်လေးတစ်ယောက်မှတော့ ပျော်ရွှင်နေသော ပတ်ဝန်းကျင်ကိုလစ်လျူရှူလျက် ဆူဆူပုတ်ပုတ်ဖြင့် ထိုင်လိုနေလေသည်။

ထိုသို့ဆူဆူပုတ်ပုတ်ဖြစ်နေခြင်းမှာ အခြားကြောင့်မဟုတ် သူကောင်လေးဖြစ်သူမှ ယနေ့တစ်နေလုံးသူကိုအကြင်နာမပေးရသေးသည့်အပြင် သူနှင့်တချိန်လုံးမတွေ့ရသေးသောကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်ကိုလစ်လျုရှူလျက် အတွေးကမ္ဘာထဲမှတစ်ယောက်တည်း စိတ်ကောက်နေသော ဒရေဂိုကို ပင်စီတွေ့သောအခါ သက်ပြင်တချက်ပင်ချမိသည်။Death Eater တစ်ယောက်ဖြင့်လျာထားခြင်းခံရတဲ့သူက ယခုကဲ့သို့ချစ်ရေးချစ်ရာကိစ္စနှင့်ဆူပူးနေတယ်တဲ့လား။

ထိုနောက် အသက်မဲ့စွာဖြင့်ဇွန်းကိုကိုင်ကာ စာပွဲပေါ်ကာစားစရာတွေကို ဟိုထိဒီထိလုပ်နေသော ဒရေဂိုအားကြည်၍"ဒရေဂို နင်ဘာဖြစ်နေတာလဲ!?"

အသံမှသိပ်မကျယ်လေသံတိုးတိုးလေသာ..။

"ဒီနေ့တစ်နေလုံး ပေါ်တာကိုမတွေ့ရသေးဘူး"

ပင်စီသူမအသံကိုကြားသော်လည်း ခက်ရင်းကို ဟိုထိုးဒီထိုးမပျက်ပြန်ပြောနေသော ဒရေဂိုကိုကြည်ရင်းစိတ်မရှည်တောသဖြင့် သူလက်ထဲက ခရင်းကိုဆွဲလုလိုက်ကာ အကြည်ချင်းဆုံစေသည်။

"Gah!! တကယ်ကြီးလားဒီကိစ္စနဲ့နင်ဒီလိုဖြစ်နေတာ ပျော်ပျော်နေစမ်းပါ Halloween ပဲဟာကို"

"ငါအဆောင်ကိုပြန်တော့မယ်"

ဒရေဂိုဒီချိန်ပင်စီနှင့်ပြိုင်ငြင်းချင်စိတ်လည်းမရှိ သူခရင်းကိုဆွဲလုထားသော ပင်စီကိုတချက်လှည့်ကြည်ကာပြောရင် ဟောခန်းထဲကနေ ထွက်လာခဲ့တော့သည်။

Drarry one shots collectionWhere stories live. Discover now