ကျန်ချန်ဟောက်-" ပိန်ညှောင်....မင်းကိုယ့်ကို....ဘာထင်နေလဲ.....ဟက်.... "

host-" ဟင် "

^^ ဒီအနံက...ပန်းအနံရတယ်....ကျန်ချန်ဟောက်က....မော့မော့လား ^^

ရှင်းဟန် ချန်ဟောက်က သူ့အနားကိုတိုးလာတော့ ပန်းအနံရတာကြောင့် အံသြသွားရသည်။

[ host ကိုနှိပ်စက်တဲ့အကောင်ကို....တွယ်လိုက်တော့ host....  ]

host-^^ မင်းအပေါက်ပိတ်လိုက်တော့ six....ငါ့ကိုနှိပ်စက်တာမှမဟုတ်တာ....သူနှိပ်စက်တာ... ထိုက်ရှင်းဟန်လေ ^^

[ ဒါမဲ့...host ပဲ.... ထိုက်ရှင်းဟန်က.... ငါပဲမလားလို့ပြောခဲ့တာလေး ]

host-^^ တော်လိုက်တော့ six.... ငါက ချန်ကျန်ဟောက်လေ....မင်းသိရဲ့နဲ့....ဒါနဲ့....ငါစုံစမ်းခိုင်းတာသိပြီလား.... ^^

[ သိရပါပြီ.... host ကလည်း ]

host-^^ ဘာလည်း...ဇာတ်လိုက်မလက်ချက်လား ^^

[ မဟုတ်ဘူး...host...နွဲ့ဝမ်ရှီးက...နဂိုကတည်းကအားနည်းပြိီး..မကြာခဏဖျားလေ့ရှိတာ....ဇာတ်လိုက်မနဲ့မဆိုင်ဘူး]

host-^^ ကျစ်!! ^^

host-" အီး....ဟီးးးး....မော့မော့က...ကျွန်တော်ကိုနှိပ်ဆက်မလို့လား....ဟင့် "

ရှင်းဟန် မျက်နှာငယ်လေးနဲ့ချန်ဟောက်ကို ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ချန်ဟောက်က သူ့ချစ်သူလေ သူ့ကိုတော့ နှိပ်စက်ရက်မှာမဟုတ်ပါဘူး။

ကျန်ချန်ဟောက်-" မင်း.... ဆေးမှားသောက်လာတာလား "

^^ အဟမ်း...ဒီလိုအကြည့်တွေက...ဘာလား ^^

ချန်ဟောက် သူ့ကို သနားခံသလိုကြည့်နေသော ပိန်ညှောင်ကြောင့် စိတ်ရှုပ်ရသည်။ အရင်ဆို အဲ့လိုကြည့်ရုံမက ဘယ်လောက်ပဲငိုယိုတောင်းပန်တောင်းပန် ဆောင့်ကန်လိုက်တာပင် ။ ခုမှ မလုပ်ရက်ဖြစ်နေတဲ့ သူ့ကိုယ်ကို အရမ်းအံသြမိသည်။

host-" ခွေးပေါက်ကို.... နှိပ်စက်ရက်လို့လားဟင်...ဟင့် "

^^ ဒီကမ္ဘာက.... ငါချစ်သူကလွယ်တဲ့ပုံမပေါ်ဘူး....ဘာပဲဖြစ်ဖြစ်....ငါမြူဆွယ်စွမ်းရည်ကို ..... ရွေးလိုက်တာမှန်သွားတယ်....ခင်ဗျား...ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်တော့်ကိုမငြင်းဆန်နိုင်ပါဘူး...ဟက် ^^

ရှင်းဟန် ချန်ဟောက်ရဲ့ ခြေထောက်ကို ကိုင်လိုက်ရင်း ဝမ်းနည်းစွာပြောလိုက်သည်။ သူတတ်မြောက်လာတဲ့ စွမ်းရည်ကို အပီအပြင်ကို အသုံးချလိုက်သည်။ ဒါပြင် ဒီစွမ်းရည်တွေထဲက အောက်ဆုံးအဆင့်ကိုသာ သုံးခြင်းဖြစ်သည်။ အပေါ်ဆုံးအဆင့်က ဟာတွေကို သူသုံးဖို့လည်း စိတ်ကူးမရှိပေ ။ ထိုအရာတွေက သူထင်ထားတာထက် ပိုဆိုးဆိုးတွေပင် ။ သူ့မှာ စိတ်ကူးကြည့်ရန်တောင်မရဲပေ။

" မင်းဘာလုပ်တာလဲ !!!. ...ချန်ဟောက်အပေါ်ခြေထောက်အပေါ်လက်တင်ဝင့်တယ်ပေါ့....လွှတ်စမ်း "

host-" အ...ဟင့်...အီးးးး...ဝါးးး...လူကိုအနိုင်ကျင့်တယ်....မော့မော့မကောင်းဘူး...ဝါးးး....ခင်ဗျားကိုမချစ်တော့ဘူး....ဗြဲ!!!. .. "

ရှင်းဟန် ချန်ဟောက်ကို ကြည့်နေတုန်း ချန်ဟောက်ရဲ့ နောက်လိုက်တစ်ယောက်ထင်သည် သူ့ကိုဂုတ်ကနေ မဆွဲလိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်တာကြောင့် လက်ဖဝါးနဲ့ တံတောင်ဆစ်တစ်ချို့ ဒဏ်ရာရသွားသည်။ ရှင်းဟန် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ချန်ဟောက်နဲ့ ရင်းနှီးမှုရအောင်လုပ်ရမည်။

ကျန်ချန်ဟောက်-" ခွေးပေါက်!!... မင်းကိုဘယ်သူကအဲ့လိုလုပ်ခိုင်းလို့လဲ.... "

ချန်ဟောက် ခွေးပေါက်အနာတရ ရသွားတာကြောင့် စိတ်မထိန်းနိုင်ပဲ ဒေါသထွက်စွာအော်လိုက်သည်။

" ကျွန်နော်တောင်းပန်....ပါတယ် "

ကျန်ချန်ဟောက်-" အေး...မင်းမှတ်ထား....နောက်ခါငါမခိုင်းဘဲ....ဘာမှမလုပ်နဲ့!!"

host-" အ...ဟင့်...နာတယ် "

^^ ခင်ဗျား....ဘယ်ကမ္ဘာပဲ....ရောက်ရောက်ကျွန်တော်ကို....မချစ်ဘဲမနေနိုင်ပါဘူး...မော့မော့ ^^

ကျန်ချန်ဟောက်-" ခွေးပေါက်...လာဆေးခန်းသွားမယ်...ကိုယ်ချီမယ် "

ချန်ဟောက် ခွေးပေါက်ကို သတိုးသမီးချီသလို ပွေ့ချီလိုက်ပြီး ကျောင်းဆေးပေးခန်း အမြန်သွားရန်သာ စိတ်လောနေသည်။

နွဲ့ဝမ်ရှီး-" ချန်ဟောက်!!!... မင်းရှင်းဟန်ကို...ဘာလုပ်လိုက်တာလဲ....သူခုဘယ်မှာလဲ...ဟန်!!! "

ဝမ်ရှင်း ရှင်းဟန်ကို စိုးရိမ်စွာ အပြေးလာခဲ့လိုက်သည် ။ ဒါပေမယ့် လမ်းတစ်ဝက်မှာပင် ချန်ဟောက်က တစ်စုံတစ်ယောက်ကို ပွေ့ပြီး ပြေးလာတာကို တွေ့လိုက်တာကြောင့် ရှင်းဟန်အကြောင်းမေးလိုက်သည် ။ ခုချိန်မှာချန်ဟောက်ပွေ့လာတာဘယ်သူလဲဆိုတာကို သူစိတ်မဝင်စား ကြည့်ဖို့လည်းမအားပေ ။ ရှင်းဟန်ကိုသာ စိုးရိမ်နေမိသည်။

W- ဒီ arc မှာ.... Fb ကို ...bad boy type နဲ့...ရေးမှာပါ...ကြိုက်ကြရဲ့လား

system one o six(106) S -1 ( Z &U )Where stories live. Discover now