"ခင့်ကိုပြပါအုံးကွယ် ပြီးတော့ကိုသန်းမြင့် လောလောဆယ်တော့အလုပ်ကိုမလာနဲ့အုံး နော်မယဉ်မြကသွေးနုသားနုနဲ့ အနားမှာနေပေးလိုက်ပါအုံး"
"မွေးစရိတ်ကို ခင်ထုတ်ပေးမယ် ကလေးကိုသာဂရုစိုက်....ပြီးတော့ အားဆေးရော မနက်ဖြန် လူကြုံထည့်ပေးလိုက်မယ်"'ကျေးဇူးတင်ပါတယ်မမလေးရယ် ကျွန်တော်တို့လည်းစုထားဆောင်းထားတာတွေ ရှိပေမယ့် ဟိုဝယ်ဒီဝယ်နဲ့ဘာကုန်မှန်းမသိကုန်နေတာ'
လင်မယားနှစ်ယောက် မျက်နှာငယ်ဖြင့်ပြောလာသည့်အခါ စိတ်ထဲမကောင်းပေ။ခင်ဟာအလုပ်ရှင်လည်းဖြစ်သဖြင့် မျက်စိရှေ့တင် ဖြစ်သလိုပစ်တော့မထားနိုင်ဘူးမဟုတ်လား။ခင့်စရိုက်က ဒီလိုအချိန်တော့ မမာကြောနေပါဘူး။
"ကျွန်မတို့အပေါ် မမလေးရဲ့ ကျေးဇူးတွေအများကြီးရှိနေပါပီရှင်"
"အို....မဟုတ်တာ ခင့်ကိုအဲ့ဒီ့လိုသဘောမထားပါနဲ့ ပေါ့ပေါ့ပါးပါးပဲနေပါ ဝန်ထုပ်ဝန်ပိုးလည်းဖြစ်မနေနဲ့"
"သားလေးကဒီမှာ မမလေး အခုမှအိပ်ပျော်သွားတာ"
"အို...ဟုတ်ပါ့ ချစ်စရာလေးနော် ဝတုတ်နေတာပဲ နာမည်ကရောဘယ်လိုပေးမယ်စဉ်းစားထားလဲ"
"အဲ့တာကတော့မစဉ်းစားရသေးဘူးဗျာ အခက်မတွေ့ရင် မမလေးပဲပေးခဲ့ပါလား ကျွန်တော်တို့ပေးရင်သားလေး နာမည်
မခန့်မှာစိုးလို့ပါ""နာမည်ဆိုတော့ကာ "
ခင်ဟာတချက်မျှစဉ်းစားလျက် လက်ထဲက ကလေးငယ်အား ငေးကြည့်သည်။
"ကလေးမှာက အမှတ်လေးလည်းပါတယ်နော် မီးခိုးရောင်လေးဆိုတော့ ကိုသန်းမြသားလေးကို မှိုင်းယံ"လို့ပေးမယ်"
"မှိုင်းယံ......ဟာ တယ်မိုက်သကိုး ကျွန်တော့်သား နာမည် ခပ်လန်းလန်းလေးပေါ့ဗျာ ဟားဟားဟား"
ကိုသန်းမြင့်ဟာ အားရဝမ်းသာ စွာဖြင့် မွေးကင်းစသားငယ်လေးအား ငေးကြည့်နေသည်။မျက်ဝန်းထဲ ဖခင်တစ်ယောက်၏အချစ်တို့မြင်နေရသည်။ခင့်ကိုလည်း ဖေဖေဟာဒီလောက်ထိ ချစ်ခဲ့ရင်ကောင်းမယ်။
"ကဲ ဒါဆို ခင်ပြန်အုံးမယ်နော် နောက်နေ့တွေထပ်လာခဲ့မယ် ကိုသန်းမြင့်ကတစ်လနှစ်လလောက်တော့နားလိုက်ပါအုံး လခအတွက်လည်းမပူနဲ့ ပဲတွေလည်းရောက်ပြီးပြီဆိုတော့အလုပ်ကသိပ်မရှိတော့ဘူး "
![](https://img.wattpad.com/cover/300766983-288-k355255.jpg)
အပိုင်း(၁၂)
Start from the beginning