အခန်း (၁)

14.7K 627 6
                                    

လေကြောင်းထိန်းချုပ်သူရဲ့ ညွှန်ကြားချက်စကားတွေကို ရေဒီယိုကနေတစ်ဆင့်ကြားနေရသည်။ အမြင့်ပေများစွာကနေ ဆင်းသက်တော့မည့်လေယာဉ်လမ်းကြောင်း အကြောင်းကို သေချာအာရုံစူးစိုက်နေရသလို နောက်ဆုံး runway ပေါ်မှာ လေယာဉ်ဘီးထိမှပဲ သက်ပြင်းချနိုင်သည်။

ဒါကလေယာဉ်မှူး(pilot) တွေရဲ့ဘဝပင်။ ဘဝရဲ့အချိန်ပေါင်းများစွာကို လေယာဉ်ပေါ်မှာကုန်ဆုံးရသလို မိသားစုဆိုတာလည်း နီးကပ်စွာနေဖို့အချိိန်မရှိခဲ့ပေ။ သို့သော်လည်း သင်ဟာအမြင့်ပေထောင်ပေါင်များစွာရဲ့ အောက်ကရှု့ခင်းတွေ ပင်လယ်တွေ တောင်တန်းတွေနှင့် တိမ်ထုတွေကိုနှစ်သက်သူဆိုရင်တော့ ပျံသန်းနေရတာဟာ တကယ်ကိုကောင်းလွန်းနေပြီ။

"အစ်မ ခွင့်နှစ်လယူမှာဆို"

"ဟုတ်တယ်"

ဘေးနားက သူ့ထက် သုံးလေးနှစ်လောက်ငယ်သော လက်ထောက်လေယာဉ်မှူးလေးကို မကြည့်ပဲပြန်ဖြေလိုက်သည်။

သူဆိုသော သျှင်းမြတ်တလူ ကတော့ အသက် ၁၇ နှစ်မှာ လေကြောင်းသင်တန်းကိုစတက်ခဲ့ပြီး အသက် ၂၀ မှာ လေယာဉ်မှူး first officer ရာထူးဖြင့် အလုပ်လုပ်ခဲ့ပြီး အခု အသက်သုံးဆယ်မှာတော့ captain တစ်ယောက်ဖြစ်လာလေပြီဖြစ်သည်။

"အစ်မ အိမ်ပြန်မလို့လား"

"ဆိုပါတော့"

လေယာဉ်ပေါ်ကဆင်းကတည်းက လက်ထောက်ကောင်လေးကထပ်ချပ်မကွာလိုက်နေသလို သူကလည်း ဘေးနားက လေယာဉ်မယ်လေးတွေကို ပြုံးပြနှုတ်ဆက်လိုက်သည်။

"ကြားတာတော့ အစ််မမိသားစုက ဩဇီမှာဆို အစ်မကဩဇီပြန်မှာလား"

"အိုးဟိုး တအားစပ်စုတာပဲ ဝေဟင် နောက်တကြိမ်ဆို နင်လက်ထောက်မောင်းရမဲ့ အချိန်ဇယားတွေကို ငါနဲ့မတိုက်အောင်ဆွဲခိုင်းရတော့မှာပဲ"

ကောင်လေးကပါးစပ်ပိတ်သွားလေပြီ။ သူကတော့ ပေါ့ပါးသွက်လက်သော ခြေလှမ်းတွေနှင့် လေဆိပ်ကထွက်ခွါခဲ့သလို ရပ်ထားသော ကားလေးဆီကိုသွားလိုက်ပြီး ဟိုတယ်ကိုမောင်းထွက်လာခဲ့သည်။

---------------

ညောင်းညာနေသော ခန္ဓာကိုယ်ဟာ ထိတွေ့နေသော လက်ချောင်းတွေကြောင့် အညောင်းပြေစေသည်။ မှောက်ခုံအနေအထားမှာ နှိပ်နယ်ပေးတာဟာ ခံစားလို့ကောင်းတာကြောင့် မျက်လုံးတောင်မဖွင့်ချင်တော့။

You And IWhere stories live. Discover now