"ယင်ဟောက်... ချန်းနင်ကိုဒီကိုသွားခေါ်လာစမ်းပါ"

ယင်ယောက်ကခဏရပ်သွားကာ...

"အဖွား ဘာလို့သူ့ကိုမေးနေတာလဲ?"

"မင်းမမြင်ဘူးလား? ငါတို့ကသူတို့ဆီကလုံးဝကိုလျစ်လျူရှုခံထားရတာလေ။ ချန်းနင်ကငါတို့ကိုစကားတစ်ခွန်းတောင်မပြောဘူး။ လူတွေအများကြီးရှေ့မှာ ဟယ့်ချန်းနင်ဘယ်လိုမျိုးနှလုံးသားမဲ့နိုင်ဦးမလဲ ငါကြည့်ဦးမယ်"

ယင်ကျိနျန်ကသက်ပြင်းချသည်။

"အမေ။ အဲ့တာကိုမေ့လိုက်ပါတော့ဗျာ။ ပြသနာထပ်မရှာပဲနေကြရအောင်။ ကျွန်တော်တို့ကသူနဲ့ဘာမှဆိုင်တော့တာမှမဟုတ်ပဲ"

ယင်ဟောက်ကလည်းမျက်မှောင်ကြုံ့၍ထောက်ခံလာသည်။

"အဖွား... အဖေပြောတာမှန်တယ်။ သူ့ကြောင့်နဲ့ကျွန်တော်တို့ရှန်သခင်လေးကိုသွားရှုပ်လို့မဖြစ်ဘူး"

အကြီးအကဲယင်၏မအမူအရာကမှောင်မဲလာကာဆိုလာသည်။

"တကယ်လို့ငါတို့သာ ဟယ့်ချန်းနင်ကိုဦးမချိုးထားဘူးဆိုရင် လာမဲ့နေ့တွေမှာကောင်းကောင်းနေရတော့မှာမဟုတ်ဘူး။ ငါတို့မဒမ်ရှန်ရှေ့မှာတင် ယင်မိသားစုကလုံခြုံပါတယ်ဆိုတာကို ကတိပေးခိုင်းရမယ်။ အဲ့လိုမှမဟုတ်ရင် သခင်လေးရှန်ကငါတို့ကိုလုံးဝလွှတ်ပေးမှာမဟုတ်ဘူး။ ချန်းနင်ဆီမှာတစ်ခုခုဖြစ်သွားခါနီးကိစ္စကြောင့်ဆိုရင် အဲ့ဒီလူကငါတို့ကိုပိုတောင်ခွင့်မလွှတ်သေးတယ်"

ထိုသတိပေးချက်ကြောင့် ယင်ဟောက်ကြက်သီးများပင်ထသွားသလိုခံစားရသည်။ အဲ့တာမှန်တယ်။ အဲ့ဒီမတော်နဆပြီးကတည်းက ရှန်အဖွဲ့စည်းကငါတို့ကိုဆန့်ကျင်တာမလုပ်ဘူး။ သခင်လေးရှန်ဆိုတာက သူ့ကိုလာရှုပ်တဲ့လူမှန်သမျှကို လက်စားမချေပဲဘယ်တော့မှလွှတ်ပေးတတ်တဲ့လူစားမဟုတ်ဘူး။ သူရှန်အဖွဲ့အစည်းကိုဘယ်လိုစီမံနိုင်လဲဆိုတာပဲကြည့်လေ။ သူဘာလှုပ်ရှားမှုမှမလုပ်သေးတာက မင်္ဂလာပွဲကိစ္စကိုပဲခေါင်းထဲရောက်နေလို့ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း သူငါတို့အပေါ်လက်တစ်ချောင်းတင်လိုက်ပြီဆိုတာနဲ့ သေချာပေါက်ယင်အဖွဲ့အစည်းလဲပြိုလဲသွားမှာပဲ။ ငါတို့ကိုသူအလွတ်ပေးဖို့မျှော်လင့်ချက်ထားတာအကောင်းဆုံးပဲ။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now