အပိုင်း(၈)

Start from the beginning
                                    

"မသိဘူး ကျွန်မသိတာ ခင်ကကျွန်မကိုချစ်တယ်တဲ့"

"မောင်နော်"

"ခင်ရေ ခင် ကျွန်တော်လာတယ်"

"ကိုဘမောင် ဝင်ခဲ့ကွယ် ခင်အနောက်မယ်ရှိတယ်"

အပြင်ကအသံကြောင့် မောင့်မျက်နှာဟာ ချက်ခြင်းကိုတည်သွားသည်။

"မတွေ့တာကြာလို့လားမသိဘူး ခင်ကလှလာလိုက်တာ"
"ဟိုညီမလေးလည်းရောက်နေတာပဲ"

ခင်ကသာပြုံးပြနှုတ်ဆက်နေသော်လည်း မောင့်မျက်နှာမှာ အားနာမှုတစိုးတစိမှမရှိသည့်အလား ကိုဘမောင်အား မရှိသလိုပင်။
ထို့အထက် မောင့်အကြည့်တို့သည်
ကိုဘမောင်လာသည်ကိုအလိုမကျသည်မှာအထင်းသား။

"ကိုဘမောင်... လမ်းကြုံလား'

"မဟုတ်ဘူးခင်ရဲ့တမင်လာခဲ့တာ ချိန်းနေရင်တောင်လွဲအုံးမယ် အခုတင် ဟိုဘိုရူးမြို့အုပ်မင်းက ခင့်ဆီလာမယ်ဆိုလို့ ကျွန်တော်အရင်ပြေးလာခဲ့တာ ခင်"

"ကိုဘမောင်တို့မလဲ တနေ့တနေ့ ဒီနှယောက်ထဲအလုအယက်ပဲကွယ် ဟော....ဟိုမာ
ပြောရင်းဆိုရင်းလာပါပြီ"

"ခင် ခင်ရေ"

"ခင်တို့ဧည့်ခန်းမှာရှင့်"

"ခင် "

"ဪ မင်းက မလိမ့်တပတ်နဲ့ခင့်ဆီရောက်နေတာပေါ့လေ"

"အဲ့ဒီ့တော့ ဘာဖြစ်သလဲ ကျုပ်က လုံ့လရှိလို့ ခင်ဗျားထက်အရင်စောရောက်တာလေ"

"မင်းကငါ့ကိုတပတ်ရိုက်သွားတာကြတော့ထည့်မပြောဘူးလား"

"ကဲ!နှယောက်လုံးတော်ကြတော့ လာရင်းကိစ္စသာခင့်ကိုပြော"

"ခင့်ကိုလွမ်းလို့"
"ခင့်ကိုသတိရလို့"

"ဟိတ်လူ!"
"မင်း.....!"

"ခင့်ကို လွမ်းတိုင်းသတိရတိုင်း မလာကြနဲ့ကွယ် ခင့်အိမ်မာ မိန်းမပျိုလေးရှိတယ် မိန်းမသားတွေပဲနေတဲ့အိမ်ကို ‌ရှင်တို့ နေ့တိုင်းဝင်ထွက်လို့မကောင်းဘူးလေ ခင်ပြောတာကိုနားလည်သလား"

"ဟုတ်ပါပြီခင် ကိုယ်တို့နောက် အနေထိုင်ဆင်ခြင်ပါ့မယ်"

ထိုလူတွေဟာ ခင့်ကိုချစ်သလို ခင့်စကားလည်းနားထောင်ကြရဲ့ သို့ပေမယ့်လည်း
ခင်ဟာထိုသူတို့ကို .....မောင့်လိုမျိုးမခံစားရပေ။

ခင့်အိမ်ကိုလာနေကြဆိုပေမယ့် မောင့်အရိပ်အကဲလည်းကြည့်ရအုံးမည်။မောင်ဟာထုတ်သာမပြောတာ ခင့်ဘေးမှာထိုင်လျက်စကားတစ်ခွန်းမှဝင်မပြော ၊ခုနကထက်လည်း အလိုမကျသည့်မျက်နှာမျိုးဖြစ်နေသည်။ ခင်ကအိမ်မလာနဲ့လို့ပြောလိုက်မှသာ
ကြည်ကြည်သာသာရှိတော့၏။

"ခင် .... ပန်းတွေကော"

"စိုက်ပြီးခဲ့ပြီလေ မောင်မမြင်ခဲ့ဘူးလား "

"မတွေ့ခဲ့ဘူးခင်"

"အာ.......,ခင့်ကိုမေးမလို့ ခြံရှေ့က ခွေးက ခင့်ခွေးလား ကိုယ်လာတာဖြင့် ဟောင်လိုက်တာခင်ရယ် "

"ကျွန်တော်ရောပဲခင် ဝင်သာဝင်လာရတယ် ဘယ်ချိန်နောက်ကပြေးလာကိုက်မလဲ ခပ်လန့်လန့်ဗျာ"

"ခင့်အိမ်ကိုတိတ်တိတ်လေးဝင်လာတတ်တဲ့ လူတွေဖို့ မွေးထားတာလေ"

ခင့်စကားကိုသိသည့်မောင်ဟာတပြုံးပြုံး နှင့်ပြုံးဖြီးလျက်ပင်။ဘုမသိဘမသိ လူနှယောက်ကတော့အိမ်ကို မသိအောင်ဝင်လာသည့်သူအားအရေခွံစုတ်မယ်၊ဖမ်းမယ်စီးမယ် တကဲကဲ လုပ်နေလေရဲ့။

14.2.2022

"ခင်"Where stories live. Discover now