11.1(U)(စျာပန)

Start from the beginning
                                    

"သူ့ကိုယ်သူ ဘယ်အချိန်က သိတာတဲ့လဲ????"

"၃လလောက်တော့ ရှိပြီပြောတယ်"

"ငါသူ့ကို သွားကြည့်မယ်"

"ကောင်းပြီလေ၊ ကျွန်တော် သခင့်အတွက်
စီစဥ်ပေးပါ့မယ်"

ရီဟွိုင်ထွက်သွားတော့ systemက ရှန်းယိုလင်ရဲ့
ပြီးမြောက်ခြင်းပြဘားတန်း အနည်းငယ်
တိုးလာကြောင့် ပြောလာတာ ချန်လီကော
ကြားလိုက်ရသည်။

"ဟေး!မြေးလေး!"

system:"......."

(ဒီအမှိုက်ကောင်...ဘယ်သူ့ကို မြေးလေး
လာခေါ်နေတာလဲ?????)

"ငါအခု အဘိုးတစ်ယောက် ဖြစ်ခဲ့ပြီ"

system:(f..k သူ့ဟာသူပြောနေတာလား????)

"မင်းရော မပျော်ဘူးလား ထုံထုံ????"

system:ဘာအတွက်ပျော်ရမှာလဲ????

"မင်းတဖြည်းဖြည်း ဘုန်းကြီးဖြစ်နေပြီ
အားးးးးးးးးးး"

systemကတော့ နှာခေါင်းရှုံ့လိုက်သည်။
ဒီအကောင်က ကမ္ဘာတိုင်းဒီလိုပဲကို။

ယိုလင်လက်ထပ်ပြီးတော့ သူမက
သူမခင်ပွန်းသည်နဲ့အတူ နိုင်ငံခြားသို့
ပြောင်းရွှေ့ကာ နေထိုင်ခဲ့သည်။
သူမက သွားဖို့ တွန့်ဆုတ်နေသော်လည်း
လျှပ်စီးလို လေလို မြန်သော ရီဟွိုင်က
သူမကို နိုင်ငံခြားရွှေ့ပြောင်းမည့်
ကိစ္စအဝဝကို လုပ်ပေးပြီးသား
ဖြစ်ခဲ့သည်။

"အဖေ သမီးနဲ့ နိုင်ငံခြားကို လိုက်နေပါ့လားဟင်။
ဟိုမှာ လိင်တူလက်ထပ်လို့ရတယ်"

ချန်လီကောက သူမစကားကို အေးစက်စွာ
တုန့်ပြန်လိုက်သည်။

"တရုတ်မှာ လုပ်စရာတွေ ဒီလောက်ပေါတာ
ငါဘယ်လိုလုပ် လွှတ်ချနိုင်မလဲ????"

ချန်လီကောရဲ့ စကားကို ကြားတော့
ရီဟွိုင်က နှာဘူးတစ်ယောက်လို
ရယ်တော့သည်။ချန်လီကောက
သူ့ကို ကြောက်စရာပုံစံနဲ့ကြည့်လာတော့
သူက သူ့လက်ကိုဆွဲလျက် လက်ချင်း
တွဲလိုက်သည်။

ရှန်းယိုလင်က အခုချိန်ထိ သူ့အဖေနဲ့
ရီဟွိုင်ကြားက ဆက်ဆံရေးကို
သံသယဝင်သေးသော်လည်း
သူမအဖေက တိတ်တဆိတ်
သူဆန္ဒရှိကြောင်း ထောက်ခံထားတာကြောင့်
ရှန်းယိုလင်က သူမအဖေကို ဆွဲခေါ်သွားခွင့်
မရှိခဲ့ပေ။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now