Chapter(343) - ကုပိုးသခင် ကျွော်ယဲ့

Start from the beginning
                                    

ယန်ထျန်းဟန်က အဝေးတစ်နေရာအား လှမ်းကြည့်လိုက်သည်။ ရှည်လျားသည့် လမ်းကျဉ်းလေးတစ်ခုထဲတွင် အဖြူရောင် ဝတ်ထားသည့် ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က ဖြူဖျော့ဖျော့ မျက်နှာဖြင့် သူတို့ရှိရာသို့ မျောလွင့်လာသည်။

သူက လင်ရွှမ်းဇီရှေ့ကိုသွားပြီး မတ်တပ်ရပ်လိုက်၏။ ဂရုမစိုက်ဟန် မျက်လုံးတစ်စုံက လင်ရွှမ်းဇီရဲ့ မျက်နှာအား ခဏတာကြည့်နေပြီးမှ မေးလာသည်။

"ဒီညနေ မင်းငါ့ကိုဘာလို့ ခေါ်လိုက်တာလဲ?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"ဒီအလောင်းတွေထဲ ကုပိုးကောင်ထည့်ပြီး လူတစ်ယောက်ကိုသတ်ဖို့ မင်းကိုလိုလို့"

ထိုလူကခတ်ပြတ်ပြတ်မေးသည်။

"ဘယ်သူလဲ?"

"ယုန့်ထိုင်စံအိမ်ရဲ့ ဆိုင်ရှင် ရှစ်ယုန့်ထိုင်"

"နားလည်ပြီ"

ထို့နောက်မှာတော့ အဲ့ဒီအမျိုးသားက ချက်ချင်းလုပ်ငန်းစလိုက်ပြီး အလောင်းကို လှည့်ကြည့်ကာ သူ့လက်ညှိုးကိုလေထဲသို့ ထိုးပြလိုက်သည်။ ယန်ထျန်းဟန်သည် သူ့လက်ထဲက အနီရောင် အရာဝတ္တုတစ်ခု ထွက်လာတာကိုသာ မြင်လိုက်ရ၏။ ထိုအရာက အလောင်းပေါ်ကျသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့လေသည်။

ယန်ထျန်းဟန်သည် ထိုလူရဲ့ လှုပ်ရှားမှုများအား လွတ်သွားမှာ စိုးရိမ်စွာဖြင့် သူ့မျက်လုံးများက သိချင်စိတ်ဖြင့် ပြူးကျယ်နေလေသည်။

သူ့မှာ ထိုလူက သူမသိသည့် စကားလုံးတစ်ချို့အား တီးတိုးရွတ်ဆိုရင်း လက်စည်းတံဆိပ်များ ပြုလုပ်နေသည်ကို ငေးကြည့်နေမိသည်။ လက်ဖက်ရည်တစ်ခွက်သောက်လောက် မကြာသေးခင်မှာပဲ ဝိညာဉ်မရှိတော့သည့် အလောင်းက မမျှော်လင့်ပဲ သက်ရှိလူသားတစ်ယောက်လိုမျိုး မတ်တပ်ရပ်လာသည်။ မွဲခြောက်ခြောက်ဖြစ်နေတဲ့ မျက်လုံးတစ်စုံကလွဲရင်  သူက လင်းချီကုကို အလောင်းရုပ်သေးအဖြစ် စတင်ဖန်တီးတုန်းကထက်ပင် လမ်းလျှောက်တာ လိုက်လျောညီထွေ ဖြစ်နေသေးသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now