အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်

Start from the beginning
                                    

"မာရှန်တို့ကို အမြန်ပြန်လာဖို့ ဖုန်းဆက်ခေါ်လိုက်။"

ကောင်းဖန့်ချင်လည်း ခေါင်းညိတ်လျက် ချက်ချင်းထွက်သွားပေသည်။

"သူက ဘယ်လိုလုပ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာလဲ? ခင်ဗျားသားအပျော်ခရီးထွက်တာ ဘယ်နေရာလဲ?"

ယန်ရှယ် မေးလိုက်သည်။

"ထျန်းဇုန့်တောင်"

ယန်ရှယ်​၏ စိတ်ရှုပ်နေသော မျက်နှာပေးကြောင့်ထင်သည်၊ ရှိန်းအမေကြီးမှာ တဆက်ဆက်တုန်ယီနေရှာ​၏။

"အစကတော့ ကျွန်မလည်း တစ်ခါမှ မကြားဖူးပါဘူး။ နောက်ပိုင်းကျမှ အဲ့ဒါက အရှေ့တောင်ပိုင်းမှာ အသစ်ဖွင့်လိုက်တဲ့ ရှုမျှော်ခင်းနေရာမှန်းသိလိုက်ရတာပါ။ မနေ့က သူတို့အဲ့ဒီကိုရောက်ရောက်ချင်း ဖုန်းပြောတော့ကို လိုင်းကထစ်ငေါ့ထစ်ငေါ့ဖြစ်နေတာ။ တောင်ထဲဝင်လို့ လိုင်းမကောင်းဘူးလို့ ပြောတာပါပဲ။"

ဓာတ်ခွဲခန်းရှိရာကို ယန်ရှယ်မေးဆတ်ပြလိုက်​၏။

"အဲ့လိုဆို ဒီဘူးကို အတိအကျ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုတွေ့တာလဲ?"

"နေ့လည်ခင်း ကျွန်မတို့ပြန်သွားပြီးတဲ့နောက် ကလေးနဲ့ဖုန်းရခဲ့ပါသေးတယ်။ ညနေရောက်တော့ ကုမ္ပဏီကထွက်လာတဲ့အချိန်......အဲ့ဒီအချိန်......သူ့ဘက်ကလည်း လိုင်းကမကောင်းဘူး.........."

ရှိန်းအမေကြီးမှာ တုန်လှုပ်ခြောက်ခြားနေလွန်း၍ ထစ်ငေါ့ထစ်ငေါ့နှင့် လေးလုံးကွဲအောင်ပင်မပြောနိုင်ရှာ။ ယန်ရှယ် မျက်မှောင်ကြုတ်သွားပြီး သူမကိုတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စင်္ကြံပေါ်တွင် လူအများအပြားရှိနေသေးသည်ကိုမြင်ပြီး အနည်းငယ် ဒွိဟဖြစ်သွား၏။ သူခေတ္တမျှစဉ်းစားပြီး လက်ဟန်အမူအရာပြလိုက်ပေသည်။

"အရင်ဆုံး ကျွန်တော့နောက်လိုက်ခဲ့။"

ရှိန်းအမေကြီးလည်း ဘုမသိဘမသိနှင့် ရှိန်းအဖေကြီးကိုပါ တစ်ပါတည်းဆွဲခေါ်ခဲ့ပြီး ယန်ရှယ်နောက်လိုက်ကာ အစည်းအဝေးအခန်းငယ်ထဲသို့ ဝင်သွားလေသည်။

"ဒီစကားကိုကြိုပြောရတာ စည်းကမ်းဖောက်ရာကျပေမဲ့"

ယန်ရှယ် တံခါးပိတ်၍ လိုရင်းကိုပြောလိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now