အနားသွားမနေနိုင်ပေါင်.. သက်သက်အလုပ်ရှုပ်တာပဲ အဖက်တင်မှာ။
စာဖတ်နေတာလည်း အရှိန်ပျက်သွားအုံးမှာ..။
" ညည်းအဖေပြန်လာလို့ငါ့မေးရင် အရှေ့ဝိုင်းမှာလို့.."
" အင်း.. "
" ခဏနေသူတို့ပြန်လာတော့မှာနော်.. ထမင်းခူးကျွေးလိုက်အုံး လျှောက်ပတ်မလည်သေးနဲ့ ကြားလား.. "
" ဟုတ် "
" ငါသွားပြီ "
အမေကတော့ မှာပြီးထွက်သွားပြီ..။
ကိုယ်ကတော့ ကုတင်မှာမှောက်ခုံလှဲအိပ်ပြီး စာအုပ်တစ်အုပ်နဲ့ အေးဆေးနှပ်နေတုန်း..။
" မသောင်းရေ.. မသောင်း "
" ဗျို့.. အမေ မရှိဘူး "
ဘယ်သူအော်နေမှန်း ခွဲမရပေမယ့် ကုတင်မှာနေမပျက်ဘဲ လှမ်းအော်ပြောလိုက်သည်..။
" ဟဲ့.. မီမီလား နင့်အမေရော "
" အရှေ့ဝိုင်းတဲ့.."
" သွားကူပြီလား.."
" ထင်တာပဲ.. "
" ငါလည်း လိုက်သွားလိုက်အုံးမယ်.."
" ဟုတ်.. ဟုတ် "
အရှေ့ဝိုင်းမှာ မြို့ကနေအပြီးပြောင်းလာကြတဲ့ မိသားစုရဲ့ အိမ်တက်ပွဲလုပ်ကူဖို့လေ..ရွာကလူ တော်တော်များများ အဲ့အိမ်ရောက်နေကြပါပြီ ။
မီမီကသာ ဒီနေ့ အိမ်ကပ်ဖြစ်နေတာ..။
မိစံတို့တော့ အဲ့အိမ်ကိုရောက်နေလောက်ရောပေါ့..ဒီနေ့ကကူရမယ့်နေ့ကြီးကို မသွားချင်ပါဘူး ။
မနက်ဖြန်မှ အပီစားဖို့သွားရမယ်..။
" မသောင်း.. မသောင်း "
လာပြန်ပြီ နောက်တစ်ယောက်.. ။
" ဗျို့ အမေ မရှိဘူး.. အရှေ့ဝိုင်းသွားပြီ "
စာအုပ်ကို ခံစားချက်အပြည့်နဲ့မဖတ်ရဘူး..။
တော်ကြာနေရင်း တစ်ယောက်ပြီးတစ်ယောက်ရောက်ရောက်လာတာ..။
" ဟဲ့ မီမီ.. နင်ရောမလိုက်သွားဘူးလား "
" ဟာ.. မ ကုလားမ "
YOU ARE READING
စွဲငြိနှောင်တွယ် ( Unicode)
Teen Fiction" ငါနင့်ကို အဲ့ဒါတွေမကြိုက်တာပဲ..ဘယ်တော့မဆိုပေါ့တန်လွန်းတယ်..ဘာတစ်ခုမှလေးလေးနက်နက်မရှိဘူး..တစ်ခုခုဆိုရှောင်ပြေးတတ်ဖို့ပဲသိတယ်..ဒီအသက်ရွယ်ပဲရောက်နေပြီ မတွေးခေါ်တတ်သေးဘူး..အဲ့လိုပုံစံပဲကြပ်ကြပ်လုပ် ဘယ်တော့မှရှေ့မရောက်ဘူး သူများနောက်ပဲနင်လိုက်နေရမယ် " ...
Part (1)
Start from the beginning