Eternal Story - 19

Start from the beginning
                                    

"ညီညီယေး!"

ဖော့ဖိနပ်ကို တကျွိကျွိ​မြည်အောင်စီးရင်း လွန်းကိုတွေ့တာနဲ့ အပြေးတစ်ပိုင်းလာကာ ဗိုက်ကို ဖက်၍ တရှုတ်ရှုတ်နမ်းသည်။ ကူးကူးနောက်မှာမှ မေမေ၊ ကြီးနုနဲ့ ကြီးကြီး လူကြီးသုံးယောက်က အမောတကော လိုက်လာရသည်။ တအားသွက်တဲ့ကောင်လေး။

"အိပ်ရေးရောဝရဲ့လားကူးကူး"

မနက်ကိုးနာရီက သိပ်မစောတော့ပေမဲ့လို့ သနပ်ခါးပါးကွက်အပြည့်နဲ့ မွှေးကြိုင်နေပုံကြောင့် စောစောထပြီး ရေချိုးလာမှန်း တန်းသိရသည်။ လွန်းမေးမှ သူ့ပါးဖောင်းကြီးကို ဗိုက်ပေါ်အပ်ထားရာက ခွာကာ

"ဝ ဝ။ ကူးကူး ေချာကြီးထလာယာ"

"အစောကြီးထလာတာပေါ့။ ညက ဘယ်သူနဲ့ အိပ်တာလဲ။ နူးနူးနဲ့လား"

"ဟုတ်ဘူး"

"ကြီးကြီးနဲ့??"

"နိုး"

လက်ညှိုးကိုထောင်ပြီး နှုတ်ခမ်းကိုဆူ၍ နိုးကို သံရှည်ဆွဲပြောဖို့ ဘယ်သူသင်ပေးလိုက်သည်လဲ။

"ဒါဆို ဂျာဆိုင်းနဲ့?? နုနုနဲ့??"

"ဟုတ်ဘူး"

"ဘယ်သူနဲ့အိပ်တာလဲမေ့"

ကြိမ်ခြင်းတောင်းကိုဆွဲကာ လွန်းတို့နားအရင်ရောက်လာသည့် အမေ့ကို မေးတော့ ခဏအမောဖြေပြီးမှ သူ့မြေးကိုကြည့်ကာ ရယ်ရယ်မောမောဆိုသည်။

"တို့မြေးဝရီးတွေ ငါးယောက်လုံး ဧည့်ခန်းထဲ ဖျာခင်းအိပ်ကြတာပါအေ။ နော့"

"နူးနူး မှန်!"

"ပါပါးပြောတာလည်းမှန်တာပဲကို"

တစ်လစ်ထွက်လာသော လျှာပိစိလေး။ မနေ့က ကော့လန်ထိုးငိုနေတာ သူမဟုတ်တဲ့အတိုင်း အခုတော့ တခစ်ခစ်နဲ့ပျော်နေတော့သည်။

"ကိုထည်သွားပြီလား"

"မနက်က ခုနစ်နာရီလောက်ကတည်းက ထသွားတာ။ meeting ရှိပုံပဲ။ အမေ့သားက သုံးရက်တစ်ခါလောက် meeting ခေါ်လိုက်ရမှ ကျေနပ်တာလေ"

"သူ့အဖေသွားတူတာ။ အလုပ်သရဲတွေ"

လက်ထဲကခြင်းကိုလှမ်းယူတော့ အယူမခံ။

High Boss's Husband (Completed)Where stories live. Discover now