Chapter 55

29.3K 2.7K 219
                                    

[ Unicode ]

   
ဇာမ့်ရဲ့ချော့တစ်ခါခြောက်တစ်လှည့်ကြိုးစားနည်းက အောင်မြင်ပါသည်။ သုံးရက်မပြည့်ခင်မှာပင် ဦးမာန်နိုင်တစ်ယောက် မာန်လျှော့ကာ ရန်ကုန်ပြန်လိုက်ခဲ့မည်ဟုဆိုလာသည်။ သို့ပေမယ့် သားကိုတွေ့ချင်လို့ဆိုတဲ့ အကြောင်းပြချက်နှင့်တော့မဟုတ်။ "ရန်ကုန်မှာ ရုံးချုပ်ထိုင်ဖို့" ဇာမ့်ကမ်းလှမ်းချက်ကို သဘောတူတာမို့ မတတ်သာ၍ လိုက်ပါခဲ့ရသည့် ပုံစံမျိုး။

သူ့ယောက္ခထီးဟာ ထိုမျှထိခေါင်းမာပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဇာမ့်အတွက်တော့ အဆိုးထဲကအကောင်းဖြစ်သည်။ အပျော်ရွှင်ဆုံးကတော့ ကိုသု။ မိန်းမ,ရဦးမှာမလို့တော်ပါသေးရဲ့တွေးပြီး ရင်ဘတ်ကိုဖိကာ သက်ပြင်းတဖွဖွချပြနေသည်ကြောင့် အလိုလိုနေရင်း ကြည့်မရတော့။

"Boss Boss!"

ရန်ကုန်ကအလုပ်ကို ရေခြားမြေခြားကနေပြီး လှမ်း control လုပ်နေချိန် ဆိုဖာပေါ်ဝမ်းလျားမှောက်နေသည့် ကိုသုက အဖော်စပ်သည့်လေသံဖြင့်ခေါ်လာသည်။ စားပွဲခုံပေါ်မှာက ခွာပြီးသား နေကြာစေ့တွေနဲ့ နေကြာစေ့ခွံတွေရှိနေသည်။ အလုပ်ရှင်က ဇာမ်လား၊ သူလား မသဲမကွဲ။

"ကျွန်တော်ခေါ်နေတယ်လေဗျ"

"ဘာလဲ ကိုသုရာ၊ မင်္ဂလာဆောင်ပေးခိုင်းဖို့အကြောင်းဆိုမပြောသေးနဲ့ဦး၊ နောက်ဝါကျွတ်မှဆောင်"

"ဟာ...မဟုတ်တာ၊ အဲ့အကြောင်းမဟုတ်ဘူး"

ကုတင်ပေါ်မှာ Laptop တစ်လုံးပေါင်ပေါ်တင် အလုပ်လုပ်နေရင်း ဆိုဖာပေါ်ကကိုသုကို ဒါဆိုဘာလဲ ဟု မျက်လုံးပင့်ကြည့်ပေးလိုက်တော့ ခပ်ကျဲကျဲရယ်ပြလာသည်။ မသင်္ကာစရာအနံ့တချို့က လေထဲလွင့်လာသလိုလို။

"မနက်ဖြန်ဆိုပြန်ရတော့မယ်လေ"

"အင်း၊ ကျွန်တော်သိတယ်လေ"

ဇာမ့်မျက်နှာထက်မှာ ဖြတ်ပြေးသွားသည့် အပြုံးရေးရေးလေး။ ရက်ပိုင်းလေးခွဲရတာမို့တော်ကာကျသည်။ လွန်းကို ရူးမတတ်ကို တွေ့ချင် မြင်ချင်နေပြီ။ မနက်ခင်းနိုးတိုင်း ရင်ခွင်ထဲထွေးပွေ့ထားတတ်သည့် အနွေးဓာတ်လေးကို ဘယ်ကိုရောက်ရောက် တမ်းတမ်းတတဖြစ်ရခြင်းတွင် အကွာအဝေးကိုသာ နာနာကျိန်ဆဲမိသည်။

High Boss's Husband (Completed)Where stories live. Discover now