Chapter 27

50.2K 4.1K 300
                                    

[ Unicode ]

   
"ကိုသု စဉ်းစားကြည့်ဗျာ"

ခပ်ငြီးငြီးပြောလာသောစကားနောက်မှာ မျက်စိရှေ့ကဖန်ခွက်ထဲ ရောက်လာတော့မည့် အယ်လ်က်ိုဟောတို့ကြောင့် က်ိုသုက မျက်ခုံးလှုပ်သည်။ ဇာမ်က ဘီယာပုလင်းရှည်ရှည်အား ဖောက်ခနဲမြည်အောင်ဖောက်လိုက်ပြီး သူ့ရှေ့ကဖန်ခွက်ထဲအပြည့်ထည့်သည်။ ကျန်တဲ့ဘီယာကိုလည်း ကိုသုရဲ့ ဖန်ခွက်ဖြူဖြူထဲသို့ လှမ်းထည့်၏။

"Boss တော်တော့လေ၊ ၁၁ ထိုးပြီဗျ"

တကယ်ပါ။ ဟိုးကတည်းက မျက်စိရှေ့တင်ကြီးလာတဲ့ Boss မို့ သံယောဇဉ်ရှိလို့သာ။ မဟုတ်ရင် ဒီမန်နေဂျာအလုပ်က ထွက်ပြီး တောင်းစားရစားရ။ စားပွဲထိုးလုပ်ရလုပ်ရ လုပ်ပြီးတာကြာပြီ။

ကျောင်းသားဘဝကတည်းက Boss ချစ်သူလေး မွှေချက်က ယခုထိ မလျော့ဟန်တူသည်။ စားပွဲပေါ်မှာက ဘီယာပုလင်းခွံတွေတန်းစီလို့။

သောက်လေ့သောက်ထမရှိသူဖြစ်တာကြောင့် နည်းနည်းလေးဝင်တယ်ဆိုရုံသောက်တာနဲ့ပင် မူးနေသူက ဇာတ်ကားထဲက အမူးသမား၊အရက်သမားတွေလို တအေ့အေ့ဖြစ်နေလေသည်။

တူကိုဇောက်ထိုးကိုင်လျက် ပန်းကန်ပြားအဖြူကြီးထဲက ကန်စွန်းရွက်ကြော်ကို တို့ထိယူစားရင်း

"ကျွန်တော်ပြောပြမယ်"

"ပြောပါ Boss"

ဇာမ်က စကားခေါ်လာတော့ ကိုသုက အလိုက်သင့်ထူး၏။ မစောတော့သော အချိန်မလို့ ကိုယ့်အိမ်ကိုယ်ပြန်ချင်လှပြီဖြစ်သော်ငြား ဒီလေကြောအမြန်ပြတ်ဖို့ အရေးကြီးသည်။

အသိစိတ်သေချာမကပ်သူကို ထားခဲ့ပြီးပြန်ရင်လည်း မနက်အသိစိတ်ဝင်လာတဲ့အခါကျရင် လစာအဖြတ်မခံရဘူးလို့မပြောနိုင်။

"ယောကျာ်းတွေမကောင်းဘူးဗျ "

ပြောနေရင်း လက်ညှိုးတစ်ဖက်က မိုးပေါ်ကိုတထောင်ထောင်။ ဝတ်ထားသည့် အင်္ကျီအဖြူက မီးပူခေါက်ရိုးကျိုးရာနဲ့။ လက်ကောက်ဝတ်မှာက ပရိတ်ကြိုးနီနီနဲ့။

ယောကျာ်းပြင်ပေးတဲ့ အင်္ကျီကိုအဆင်သင့်ကောက်စွပ်လာပြီး ယောကျာ်းချည်ပေးတဲ့ပရိတ်ကြိုးကို မချွတ်တမ်းဝတ်ထားပြီး ယောကျာ်း မကောင်းကြောင်းပြောနေတာကို တကယ်ချီးကျူးသည်။

High Boss's Husband (Completed)Where stories live. Discover now