[Unicode]
ဖျားခဲတတ်တဲ့သူ နေမကောင်းတော့ ရက်အတော်ရှည်သည်။ သုံးရက်လုံးလုံး အခန်းထဲမှာပဲနေရပြီး လွန်းအမိန့်အတိုင်း အလုပ်လည်းမသွားရ။ ေရအေးသောက်ချင်တာတောင် ဉာဏ်နီဉာဏ်နက်ပေါင်းစုံထုတ်ပြီး မနည်းချွဲယူရသည်။ ဆရာဝန်ဆိုတော့ သူ့ဗီဇအတိုင်း ဆေးသောက်ကအစ အချိန်မှန်မှ၊ မတည့်တာဆို မျက်စိရှေ့တောင် ရှိမနေမှ။ဒီလိုအချိန်မျိုးမှာ ဇာမ့်အတွက် လက်စွဲတော်တောင်ဝှေးလေး ကူးကူးက အားကိုးရသည်။ မူကြိုကပြန်လာတိုင်း ဇာမ့်နားကို လွန်းအလစ်မှာ ကပ်ကပ်လာပြီး တားမြစ်ထားတာတွေကို ခိုးခိုးလုပ်ပေးတတ်၏။
တစ်ယောက်တည်း တစ်ခန်းအိပ်တဲ့ဇာမ်က လွန်းကို သူ့အနား တော်ရုံအကပ်မခံပါ။ သူဖျားနေတာထက် မဖျားသေးသူကို ပိုစိတ်ပူနေတာမလို့ ညဘက်တွေလည်း လွန်းနဲ့ကူးကူးကို အိပ်ခန်းအကြီးမှာထားသိပ်ပြီး သူက ကူးကူးအခန်းထဲဝင်၍ သီးသန့်သာအိပ်သည်။
ဒီရက်မှာတော့ မျက်လုံးစူးတွေပြန်ရွှင်ပြီး နှုတ်ခမ်းတွေအရောင်ပြည့်ကာ နေပြန်ကောင်းစပြုလာပြီဖြစ်သည်။
"မောင်ရာ မောင်အရှင်းပျောက်မှ သွားပါမယ်ဆို"
နေကောင်းကောင်းချင်းပင် မွေးဖို့နှစ်ပတ်လိုသေးသည့်လွန်းအား ဆေးရုံပို့ဖို့ အတင်းတက်ကြွနေသူ။ ဘာတွေဘယ်လောက်လောနေတယ်မသိ။ အိပ်ယာလိပ်တွေကို ချက်ချင်းထပြင်သည်။
"မောင်! ငါပြောနေတာအဖက်လုပ်ဦး"
စောင်အိတ်တွေကို နေရာအလွတ်မှာပုံရင်း လွန်းပုခုံးနှစ်ဖက်ကို အသာဖိ၍ ကုတင်ပေါ်ထိုင်စေသည်။
"ကလေးလေးက ဘာပြောလဲ နားထောင်မယ်၊ မသွားချင်ဘူးဖေဖေဆိုရင် မောင်လိုက်မပို့ဘူး"
သပ်သပ်မဲ့ညစ်ကျယ်တာ။ အပြင်တောင်ထွက်မလာသေးတဲ့ကလေးက ဘယ်ဘာသာစကားကိုပြောတတ်ရမှာတဲ့လဲ။
"သြော် သားသားလေးကသွားချင်ပြီလားဟုတ်လား"
ဗိုက်နားကိုကပ်၍ တတွတ်တွတ်ရွတ်သည်။ ပြီးတော့ မော့ကြည့်လာပုံက ကြားလား၊ သွားချင်တယ်တဲ့ဟူသည့်ပုံစံဖြင့်။
![](https://img.wattpad.com/cover/263991703-288-k969756.jpg)