(35)

1.3K 257 15
                                    

"ပြီးတော့ မင်းတို့အကုန်လုံးကိုသတ်ပစ်လိုက်ရင်တောင်ဘယ်သူကအမှန်ကိုသိမှာလဲ။ ငါ့ကိုမေးခဲ့ရင်လည်းမင်းတို့အကုန်လုံးကဇွန်ဘီအုပ်ကြီးဝိုင်းတာခံလိုက်ရတယ်လို့ပြောလိုက်မှာပေါ့။ငါကတော့ ကူညီချင်ပေမယ့် အရမ်းများလွန်းတဲ့ဇွန်ဘီတွေကိုမနိုင်တာကြောင့်အကူအညီသွားတောင်းပြီးပြန်လာခဲ့ပေမယ့် မင်းတို့ကတော့ စိတ်မကောင်းစရာဘဲ  ဟားးးဟားး"

သူတို့တွေအကုန်လုံးတစ်ဖက်လူရဲ့စကားကြောင့် ကြောက်လန့်တုန်လှုပ်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။

သူ့ရဲ့စကားကြောင့် ဆောက်တည်ရာမရကြောက်လန့်သွားကြတဲ့လူတွေကိုကြည့်လိုက်ပြီး သူကိုယ်သူ လူတွေရဲ့သေခြင်းရှင်ခြငကိုထိမ်းချုပ်နိုင်တဲ့လူတစ်ဦးလိုခံစားလိုက်ရသည်။

"မင်းတို့ရဲ့ ရိက္ခာတွေကို ထုတ်ပြီး ဒီအိတ်ထဲကိုထည့်လိုက်
မြန်မြန်လုပ်စမ်း မဟုတ်ရင် ဒီကောင်မကိုသတ်ပစ်မယ်" ပြောရင်းနဲ့ သူ့လက်ထဲမှာရှိနေတဲ့ ကောင်မလေးကို လေထဲမြှောက်ပြပြီးလည်ပင်းကိုပိုအားထည့်ကာညစ်ပြလိုက်သည်။

ဒွန်း သူအမရဲ့ပိုမိုနာကျင်လာတဲ့ပုံစံကြောင့်တစ်ခုခုကိုဆုံးဖြတ်ထားတဲ့ပုံစံနဲ့ အံကိုတင်းတင်းကြိတ်လိုက်ပြီး သွားကြားထဲကလေသံနဲ့

"ဦးလေး ကျနော်အမကိုလွှတ်ပေး ကျနော်တို့မှာပါတဲ့ရိက္ခာတွေအကုန်ပေးမယ် "

ကောင်လေးရဲ့စကားကြောင့် တစ်ဖက်လူရဲ့လက်ထဲမှာရှိနေတဲ့ကောင်မလေးက

"နင်ရူးသွားပြီလား အဲ့တာအငယ်လေးအတွက်လေ ငါသေသွားမယ်ဆိုရင်တောင်လုံး၀မ‌ ပေးနဲ့ "

"တိတ်စမ်း နားငြီးလိုက်တာ ဟိုကောင်လေးမင်းမှာပါတာတွေမြန်မြန်ထုတ်လိုက်မဟုတ်ရင်မင်းအမသေတာကိုမြင်ရလိမ့်မယ်"
ပြောဆိုလိုက်ပြီး ကောင်မလေးရဲ့လည်ပင်းကိုပိုအားထည့်ပြီးညစ်ပြလိုက်တယ်။

ဒွန်းသူ့အမကိုအသေမခံနိုင်တာကြောင့် အိတ်ကိုအဲ့လူရှိတဲ့နားကိုပစ်ပေးလိုက်ပြီး

"အမ ကျနော်တောင်းပန်ပါတယ် အမစကားကိုနားမထောင်နိုင်တော့ဘူး ။ရော့ ဒီအိတ်ထဲမှာ အကုန်ပါတယ် ကျနော်အမကိုလွှတ်ပေးတော့ "

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now