(34)

1.2K 225 13
                                    

တစ်ဖက်လူရဲ့ဒဏ်ရာကသူရဲ့စိတ်ဝိညာဉ်စွမ်းအင်ကြောင့်တဖြည်းဖြည်းချင်းပြန်ကောင်းလာနေတာကိုရှောင်မိုတွေ့လိုက်ရတာမို့အားတတ်သွားပြီး ပိုမိုအားစိုက်ကာကုသပေးလိုက်သည်။အားစိုက်ပြီးကုသပေးနေရတာမို့ ရှောင်မိုရဲ့နှဖူးက‌နေချွေးစက်တွေက တစ်စက်ပြီးတစ်စက် မျက်နှာကိုဖြတ်ပြီး စီးကျနေသည်။

သူ့ရဲ့မျက်လုံးထဲကို ချွေးစက်အနည်းငယ် ၀င်လာခဲ့တာမလို့ချွေးတွေကိုသုတ်ပစ်ချင်ပေမယ့် သူလက်နှစ်ဖက်ကမအားတဲ့အခါမသုတ်ပစ်ဘဲ ဒီအတိုင်းသာထားလိုက်တော့သည်။ ရှောင်မိုသူရဲ့စွမ်းအင်တွေတဖြည်းဖြည်းကုန်ဆုံးလာတာမို့ ဒဏ်ရာကိုပျောက်အောင်မကုသရသေးခင် စွမ်းအင်ကုန်ဆုံးသွားမှာကိုစိုးရိမ်သွားသည်။ဒါပေမယ့် သူ့စွမ်းအင်အကုန် မှာဘဲတစ်ဖက်လူရဲ့ဒဏ်ရာကလည်းပျောက်ကင်းသလောက်နီးပါးကိုဖြစ်သွားပြီ။

"ဟူးးးးးကျနော်ရဲ့ကုသတဲ့အပိုင်းကတော့ပြီးသွားပါပြီ။စိုးရိမ်စရာတော့မလိုတော့ပါဘူး"

"ဟူးးးးးတော်သေးတာပေါ့။ အခုမှဘဲ ကျနော်လည်းစိတ်ဒုန်းဒုန်းချနိုင်တော့တယ်"

ချန်းလီ ပင်ပင်ပန်းပန်းနဲ့အားစိုက်ပြီးကုသပေးနေတဲ့ကောင်လေးကိုကြည့်လိုက်ပြီးကျေးဇူးတင်ကြောင်းကိုလည်းတဖွဖွပြောလိုက်ရင်းသူအိတ်ထဲမှာဂရုတစိုက်နဲ့သိမ်းထားတဲ့လက်ကိုင်ပုဝါလေးကိုထုတ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ဒီလက်ကိုင်ပုဝါလေးကအသန့်ပါ။ချွေးတွေသုတ်လိုက်ပါအုံး"

"ကျေးဇူးပါ။"

ရှောင်မိုသူ့ကိုပေးတဲ့လက်ကိုင်ပုဝါလေးကိုယူလိုက်ပြီးချွေးတွေသုတ်ရင်း အမောဖြေလိုက်သည်။တဖက်လူက ဒဏ်ရာရနေတဲ့လူမနိုးသေးတာ‌ကြောင့် စိတ်ပူနေတာကို ရှောင်မိုမြင်လိုက်ရတာမို့

" လောလောဆယ်တော့ အားမရှိတာကြောင့်သူနိုးအုံးမှာမဟုတ်ဘူး။ အမြုတေနဲ့အားဖြည့်ပေးရင်တော့ သူမြန်မြန်ပြန်နိုးလာနိုင်တယ်"

ချန်းလီ ကောင်လေးရဲ့စကားကြောင့် အမြုတေတစ်လုံးမြန်မြန်ထုတ်ယူလိုက်ပြီး တင့်ခ်ရဲ့လက်ထဲကိုထည့်ကာစုပ်ယူစေလိုက်သည်။ ရှောင်မိုလည်းထွက်လာတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကိုစုပ်ယူပြီးပြန်အား‌ဖြည့်လိုက်သည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Nơi câu chuyện tồn tại. Hãy khám phá bây giờ