(24)

1.5K 259 5
                                    

ရန်ရန်နိုးလာတဲ့အခါမှာ စမစ်ရဲ့မျက်နှာကြီးကသူရဲ့ရှေ့မှာဝါးခနဲပေါ်လာခဲ့ အတွက် ရန်ရန်လန့်သွားပြီး လက်သီးနဲ့ထိုးလိုက်မိတယ်။

"အားးးး နာတယ်ဟ " စမစ်ရဲ့အသံကတော်တော်ကျယ်တဲ့အတွက်

"နင့် အသံကလည်းကျယ်လိုက်တာစမစ်ရယ် တိုးတိုးသာသာအော်ပါလား"

"နင် အထိုးခံကြည့်ပါလား " စမစ်သူ့ရဲ့ မျက်နှာပေါ်ကနာနေတဲ့နေရာကိုကိုင်ပြီးပြောလိုက်တယ်။

"အော် ထိုးမိတာကငါ့အမှားပေါ့ဟုတ်လား နင်မျက်နှာကြီး ငါ့ရှေ့ရောက်လာခဲ့တာထည့်ပြောအုံးလေ" ရန်ရန်က သူ့နှာခေါင်းကိုတစ်ချက်ရှုံပြီးပြောလိုက်တယ်။

"စမစ်မင်းဘာဖြစ်တာလဲ " စမစ်ရဲ့အော်သံကြားလိုက်လို့အ‌ ဝေးကနေပြေးလာတဲ့ ဂျေးစ်က အော်မေးလိုက်ပြီး စမစ်ရဲ့ဘေးကိုရောက်လာတော့ စမစ်ရဲ့တစ်ကိုယ်လုံးကိုသေချာကြည့်ပြီးမျက်နှာမှာအဆုံးသတ်သွားတယ်။  စမစ်မျက်နှာပေါ်က
နီရဲနေတဲ့အကွက်ကြီးကိုတွေ့လိုက်တော့ဂျေးစ်ရဲ့မျက်နှာက မဲမှောင်သွားပြီး အေးစက်နေတဲ့ မျက်လုံးတွေနဲ့ရန်ရန်ကို စိုက်ကြည်လိုက်တယ်။

ရန်ရန်သူ့ကို ဝါးစားမတတ်ကြည့်နေတဲ့ ဂျေးစ်ရဲ့ပုံစံကြောင့်
"ဟေး ‌ နင့်မိန်းမကိုထိလို့ ငါ့ကိုအဲ့လိုသတ်ချင်‌ေနတဲ့ပုံစံနဲ့လာမကြည့်နဲ့နော် သူအရင်စတာပြန်မေးလိုက်အုံး"

စမစ် ဂျေးစ်ရဲ့သူ့အတွက်စိတ်ပူပြီး စိုးရိမ်နေတဲ့ပုံစံကိုမြင်လိုက်ရတာ ရယ် ရန်ရန်ရဲ့ နင့်မိန်းမရယ်တို့‌ ကြောင့်ရင်တွေအရမ်းခုန်လာပြီးစိတ်လှုပ် ရှားနေတယ်။ရင်ခုန်ပြီးစိတ်လှုပ်ရှားနေတဲ့သူရဲ့ပုံစံကို သူသတိထားမိလိုက်တော့အရမ်းရှက်သွားပြီးပူထူနေတယ် ။ သူအရမ်းရှက်သွားတာကြောင့်သူ့မျက်နှာလေးက အနီရောင်သန်းပြီး ရှက် သွေးဖြာနေတာကို ရန်ရန်နဲ့ ဂျေးစ်တို့နှစ်ယောက်လုံးကမြင်လိုက်ရတယ်။

ဂျေးစ်ရဲ့မျက်လုံးထဲမှာတော့  အဲ့ပုံစံလေးကအရမ်းကိုချစ်ဖို့ကောင်းလွန်းနေတော့ သူ မချစ်ဘဲမနေနိုင်အောင်ဖြစ်နေရတယ်။ရန်ရန်ကတော့ ဒီနှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီး သူတော်တော်အမြင်ကပ်နေပေမဲ့ သူ့ရဲ့စိတ်ထဲမှာတော့အမာမြန်မြန်နိုးလာဖို့ကိုဘဲမျှော်လင့်နေမိတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now