(33)

1.2K 231 8
                                    

'ငါဒီလူတွေကိုလေ့လာကြည့်ပြီးသွားပြီ ။သူတို့က စွမ်းအင်ကို အမြူတေကနေစုပ်ယူအားဖြည့်ကြတာ။အဲ့အမြုတေမှာ စိတ်ဝိညာဉ်စွမ်းအင်တွေပါတယ်။ ဒါပေမယ့်ဒီလူတွေကစိတ်ဝိညာဉ်စွမ်းအင်ကိုမစုပ်ယူနိုင်တဲ့အတွက် စိတ်ဝိညာဉ်စွမ်းအင်တွေက အနားမှာခနဝဲနေပြီးလေထုထဲမှာတင်ပျောက်ကွယ်သွားတယ်လေ။ဒါကနင့်အတွက်အခွင့်ကောင်းဘဲကို။
အမြုတေအသုံးပြုမယ့်လူကိုတွေ့ရင်အဲ့လူနားပြေးသွားပြီး စိတ်ဝိညာဉ်စွမ်းအင်တွေခိုးစုပ်ယူလိုက်ပေါ့။ ကဲဘယ်လောက်လွယ်လဲ ။'

ရှောင်မို သူလုပ်တာသူအမှန်ထင်နေတဲ့အားကွေ့ကြောင့်ဘာ
ဆက်ပြောရမလဲတောင်မသိတော့ဘူး။အား‌ေကွ့နဲ့ဆက်ငြင်းခုန်ဖို့အတွက်လည်းအားတောင်မရှိတော့ပေ။

'လူငယ်ဖြစ်ပြီးဘယ်လိုတောင်အားလျှော့မြန်ရတာလဲ။ ရှောင်မိုမို မြန်မြန်ထ ဟိုးနားကတစ်ယောက်အမြုတေစုပ်ယူဖို့လုပ်နေပီ။စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူထားလိုက်အုံး'

ရှောင်မိုကြည့်လိုက်‌ေတာ့အားကွေ့ပြောတဲ့အတိုင်းစိတ်ဝိညာဉ်စွမ်းအင်အစုအ‌ ဝေးက အမြုတေစုပ်ယူအသုံးပြုတဲ့လူနားမှာ လွှင့်မြောနေတယ်။ခနကြာအောင်လွှင့်မြောပြီးနောက်မှာ စွမ်းအင်အစုအဝေးကတဖြည်းဖြည်းပျံ့ကျဲလာတာမို့ ရှောင်မို အလျင်အမြန်စုပ်ယူပစ်လိုက်ရသည်။

'အား‌ ကွေ့ပြောတဲ့အတိုင်းတကယ်ကိုလေထုထဲမှာကြာကြာရှိမနေတာဘဲ  '

"ဝုန်းး" ကားတံခါးပွင့်သွားပြီးလူလေးယောက်အပေါ်ကိုတတ်လာခဲ့သည်။

ယင်ဆုကော ကျန်တဲ့လူတွေ‌ကော ပြန်လာနိုင်မယ်လို့မထင်ထားတဲ့အပြင် သွားပြီး‌သေချာပေါက်ကယ်ဆယ်ရမယ်လို့မှတ်ယူထားတဲ့ အဖွဲ့က ဘာမှမဖြစ်ဘဲပြန်လာတာ‌ကြောင့် အကုန်လုံးအံ့ဩပြီးဆွံအသွားကြသည်။

ကားပေါ်မှာရှိတဲ့လူတွေရဲ့တိတ်ဆိတ်ငြိမ်သက်‌ နေတဲ့လေထုကိုသတိမပြုမိသေးခင်အထိ သူတို့လေးယောက်ရဲ့ပုံစံကပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်နဲ့တစ်ယောက်စနောက်နေကြသေးသည်။ကားပေါ်ကလူ‌တွေရဲ့ အကြည့်ကိုသတိပြုမိသွားပြီးတဲ့နောက်မှာတော့ သူတို့‌ရဲ့ပုံစံက စိတ်ရှုပ်သွားပြီး ခေါင်းထဲမှာ ???လေးတွေတန်းစီသွားကြသည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now