ပုဝါစကိုဘယ်တစ်လှည့် ညာတစ်လှည့် လှုပ်ကာ ခါးသွယ်သွယ်ကိုယိမ်းနွဲ့နေဟန်က ယောက်ျားသားတို့ မျက်စိမလွှဲချင်ဟန်

"မင်းကြီးကြွချီတော်မူလာပါပြီ"

"ကြင်ယာတော်လေးမပါဘူးလား သားတော်"

"သူနေသိပ်မကောင်းလို့ အိပ်ခိုင်းထားတယ်"

"ဟယ် ကလေးကဖြစ်ပြန်ပြီ မင်းဆင်ခြင်နေနော် လီယောလ် အရမ်းမကဲစမ်းနဲ"

"ဟောဗျာ မယ်မယ့်ရဲ့ဗြောင်လေးကို မထိပါဘူးဗျာ
မိုးမိလာလို့ကိုယ်နည်းနညိးနွေးရုံပဲ"

"အဲ့တာဆို မင်းဘေးနားကနေရာရော လီယောလ်။
နေရာလွတ်နေရင် လူပြောစရာဖြစ်မယ်"

"ကျစ်..မသိတော့ဘူးဗျာ မိဖုရားကြီးကိုပဲထိုင်ခိုင်းရတော့မှာပေါ့"

ညီလာခံမှာ အမတ်တွေနဲ့ ထိုင်ဖို့နေရာအရေးသူတစ်ပြိုင်ကိုယ်တစ်ပြိုင်ချပြီးကာမှ မိဖုရားကြီးကိုတော့ သူ့ဘေးနားမထိုင်စေချင်တာအမှန်။ အခုတော့မတတ်နိုင်တဲ့အဆုံးထိုင်ခိုင်းရတော့မည်ဖြစ်သည်

"မိဖုရားကြီး မင်းကြီးနဲ့တူတူသွားထိုင်လိုက်ပါ နေရာလပ်နေတော့မြင်မကောင်းလို့"

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါ မယ်မယ်ကြီး"

ပျော်နေတဲ့မျက်နှာကိုဖုံးမဖိနိူင်ပဲ ခပ်ဝေးဝေးထိုင်ခုံမှထကာ ဝတ်ရုံပွပွကို ဝမ်းသာအားရ မ,လျက်မင်းကြီးနားဆီလျှောက်သွားသည်။

"ဘုန်း"

အနားရောက်ခါနီးမှ မုန့်ချိုတွေတင်ထားတဲ့စားပွဲနဲ့တိုက်မိပြီး မြေကြီးပေါ်မှောက်လျက်ကြီးကျတော့သည်

"မင်း..မင်း အဲ့တာဘာလုပ်လိူက်တာလဲ"

"ခင်ဗျားဘာသာ မှောက်လျက်လဲတာလေ ကျွန်တော်ခြေထိူးခံတာလဲမဟုတ်ဘူး ဒီနေရာကိုထိုင်ချင်လွန်းလို့ ရွစိထိူးနေလွန်းလို့ဖြစ်တဲ့ကိစ္စမဟုတ်လား"

"ဗြောင် ဘယ်လိုရောက်လာတာလဲ"

မိဖုရားကြီးနဲ့တစ်ယောက်တစ်ခွန်း ခပ်ကြိတိကြိတ်အချင်းများနေရင်းမှ လီယောလ်က ဘတ်ဟျွန်းမျက်နှာ တစ်ကမ္ဘာလုပ်ကာမေးလာသည်။

Imaginary SphereWhere stories live. Discover now