Part(27)

6.9K 567 55
                                    

Unicode

    "မောင်..."

    "သက်လျာ..."

    "မောင့်အတွက် နွားနို့လာပို့ပေးတာ။မောင်စာကျက်နေတဲ့အချိန် သက်လျာဒီလိုပဲ လုပ်ပေးနေကြလေ။သိလား...ဒီအချိန်တွေကို သိပ်သတိရတယ် မောင်"

     "မဟုတ်သေးဘူး သက်လျာ...ဆေးရုံမှာကတည်းက ကျွန်တော်တို့ကိစ္စ သေချာရှင်းခဲ့ပြီးသားလေ။ပြီးတော့...ဒီလိုအချိန်အကြီး..."

     မြေမခ သက်လျာ၏ ဂုဏ်သိက္ခာတို့အား မထိပါးစေလို၍ စကားကို ဒီနေရာမှာတင် ရပ်တန့်လိုက်၏။ မြတ်နိုးခဲ့ဖူးသည့် သူ(မ)ဟာ ပေါ့ပေါ့တန်တန် နေတတ်သည့် မိန်းမမျိုးမဟုတ်ကြောင်း သူကောင်းကောင်းနားလည်ပါသည်။

      "မောင် တကယ်မေ့လိုက်နိုင်ပြီလား"

    သက်လျာက နွားနို့ခွက်လေးအား စားပွဲပေါ်တင်ထားရင်း ညို့မှိုင်းသည့် မျက်ဝန်းများဖြင့် ဆိုလာ၏။သူ(မ)နာကျင်နေရကြောင်းကိုလည်း သူမြင်နိုင်ပါသည်။

     "ထားသွားသူဟာ ကျွန်တော်မဟုတ်ခဲ့ဘူးလေ"

     "အဟက်...အခြေအမြစ်ကို စစ်ကြည့်ပါဦး မောင်ရယ်...။သက်လျာ ဘယ်သူ့ကြောင့် ဒီလမ်းကို ရွေးခဲ့ရတာလဲ။သက်လျာ မောင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အားလုံးကို လွှတ်ချခဲ့ရတာပါ..."

     "သက်..."

     "နေဦးမောင်....မောင်ဟာ သက်လျာကို အခြားယောကျ်ားတစ်ယောက်ရဲ့ လက်ထဲကို ပျော်ပျော်ကြီးထိုးထည့်ပြီး စာတစ်စောင်နဲ့ ချန်သွားခဲ့တာလေ။သက်လျာဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝမှာ မောင့်တစ်ယောက်ကလွဲရင် ဘယ်ယောကျ်ားသားကိုမှ ဘုရားလိုကိုးကွယ်ဖို့ စိတ်ကူးမရှိဘူး။လက်လည်း မထပ်နိုင်ဘူး..."

     မြေမခ အတိတ်တို့ဆီ ပြေးလွှားမိသည်။ မိဘချင်း ရင်းနှီးမှုဖြင့် သက်လျာတို့အိမ်မှာနေ၍ ဆေးကျောင်း တက်ဖြစ်ခဲ့သည်။ သူ ဆေးကျောင်း စတုတ္ထနှစ်မှာ သက်လျာက ဆရာဝန်ဘွဲ့ရပြီးနေပြီ။ကြိုးချင်းထား ကြိုးချင်းငြိဆိုသလို ထက်မြက်ရင့်ကျက်သည့် သက်လျာအား သူသဘောကျ နှစ်သက်ခဲ့ရပါသည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now