Part (11)

7.1K 632 12
                                    

Unicode

    "အငယ်ကောင်...မင်းပြန်လာရဲ သေးတာလား"

  အနဂ္ဂ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ သာယာနာပျော်ဖွယ်တွေက ဆီးလို့ကြိုသည်။ဒါတွေကြိုသိတာမလို့ ကြုံ ရတော့လည်း ထူးပြီး မအံ့သြတော့​ပေ။သို့စေကာမူ ရန်ကုန်ရောက်နေသည့် ဖခင်ဖြစ်သူက နေ့မကူးခင် ရောက်ချလာလိမ့်မည်လို့တော့ ထင်မထားခဲ့ဘူး။

"အေးဆေးပဲ ပြောရအောင် အဖေ၊ညီညီ...မင်းဒီမှာ အရင်လာထိုင်"

   ကိုကြီးက ပါးကိုတော့ ဖျောင်းဖျသလိုပြောကာ သူ့ကိုတော့ ခပ်မာမာလေသံဖြင့် ဝင်ထိုင်ခိုင်းသည်။မဂ္ဂထည်က လာပြန်တော့မည်။သူ့လူကိုထိရင် နည်းနည်းမှ မခံချင်ဖြစ်နေတဲ့ အပြုအမူတွေနဲ့..။

"နေ့လယ်က ကိစ္စကို မင်းအခုရှင်းစမ်း အနဂ္ဂထည်"

"ဘာလဲ ပါးတို့ကို ဟိုလူလာတိုင်သွားတာလား"

"မင်းမှာရှိတာ ခွေးဦးနှောက်လားကွ၊ဒီသတင်း ဒီလောက်ပွထနေတာ မမြင်ချင်၊မကြားချင်မှ အဆုံးပဲ"

"ကျွန်တော်က ပါးကြောင့် လူဖြစ်လာတာလေ။ခွေးဦးနှောက်ကို အမွေပေးလိုက်တာလည်း ပါးတို့ပဲ နေမှာပေါ့"

"အနဂ္ဂထည်!"

"ညီညီ အဖေ့ကို မရိုမသေမပြောနဲ့! အခု အမှားလုပ်ထားတာက မင်းလေ"

    အနဂ္ဂဟာ အညိုရောင်ဆံပင်​တွေကို ထိုးဖွလိုက်ရင်း စိတ်တိုနေပုံရသည့် ကိုကြီးအား ခပ်ချေချေ ပြန်ကြည့်လိုက်သည်။စိတ်တိုနေပုံရတာ မဟုတ်သေးဘူး။ကို​ကြီးက တကယ်စိတ်တိုနေတာ...အဟွန်း..။

   "ဒီလိုဆို...ကိုကြီးလုပ်တုန်းကရော မှန်နေခဲ့တယ်ပေါ့ အဟက်"

   "မဟုတ်တာတွေ ပြောမနေနဲ့ အငယ်ကောင်...မင်းကိုကြီးက ဒီကိစ္စကို ငါ့ကိုပြောပြီးမှ လုပ်ခဲ့တာ။သူတို့အချင်းချင်းလည်း ညှိနှိုင်းပြီးသား...ပြီးတော့ သူတို့က သတင်းကို မရှင်းခဲ့ရုံပဲ။မင်းလို ထင်ရာစိုင်းပြီး လုပ်ချင်ရာ ဇွတ်လုပ်တာ မဟုတ်ဘူးကွ"

   စေတနာနဲ့ နေရာဝင်ယူပေးတဲ့ ကိုယ်ကပဲ ထင်ရာစိုင်းတဲ့ကောင် ဖြစ်သွားရပြန်ပြီ။သို့သော် ကိုကြီးက ဒီကိစ္စကို ပါး,အား အသိပေးပြီးမှ လုပ်ခဲ့သည်ဆိုတာ တစ်ခုကြောင့် သူ့စိတ်ကို တစ်ထစ် လျှော့ထားလိုက်ပါသည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now