Part(6)

8K 625 35
                                    

Unicode

"မင်းကိုယ့်ကို လွှတ်ထားပေးလို့ မရဘူးလား"

"ကိုကြီးနဲ့သာ မပတ်သက်ခဲ့ရင်ပေါ့"

"ကိုယ်ပြောမယ်...မဂ္ဂနဲ့ကိုယ်က မိတ်ဆွေသူငယ်ချင်းတွေပဲ။မင်းက သူ့ရဲ့ညီဖြစ်တာကြောင့် ကိုယ့်ညီတစ်ယောက်လိုပဲ သဘောထားတယ်။ဒါကို မင်းဘက်ကလည်း လေးစားမှု ရှိသင့်တာမဟုတ်ဘူးလား။တကယ်ဆို မင်းနဲ့ကိုယ် အသက်အများကြီး ကွာတယ် အနဂ္ဂထည်"

"အဟက်...မိန်းခလေးရော ယောကျ်ားလေးရော အလွတ်မပေးနိုင်တဲ့ ခင်ဗျားကတော့ လူကြီးလူကောင်းဆန်တယ်ပေါ့"

မြေမခဟာ အနဂ္ဂထည် သူ့ကို ဘာအတွက် ဒီလောက်အမြင်မကြည်ဖြစ်နေမှန်း တကယ်ကို စဥ်းစားလို့ မရဘူး။ပြီးရင် အနဂ္ဂဟာ လက်ဖမိုးပဲမြင်ပြီး လက်ဖဝါးကို မကြည့်တတ်တဲ့ လူစားမျိုး။

"မင်းက မင်းထင်ရာကို ပုံသေစွဲကိုင်တတ်တာပဲ။မင်းအခန်းတစ်ခုလုံးနဲ့ မင်းအသုံးအဆောင်မှန်သမျှ ဘာကြောင့် အနက်ရောင်တွေဖြစ်နေလဲဆိုတာ ကိုယ်အခုမှနားလည်တယ်"

"ဒီလိုဆို စိတ်မကောင်းစရာပဲ၊ဒီညတော့ ဒီအနက်ရောင်တွေနဲ့ ခင်ဗျား အိပ်ရတော့မယ်ထင်ပါရဲ့...အဟင်း ဟင်း"

မြေမခ ရုတ်တရက်တော့ ကြောင်အအ ဖြစ်သွားရသည်။တံခါးဆီ အမြန်သွားလိုက်ကာ ကြိုးစားပြီးဖွင့်ကြည့်လိုက်တော့မှ အပြင်လော့ပါ ကျနေပြီးသားမှန်း သူသဘောပေါက်သွား၏။

"ဖွင့်မနေနဲ...အပင်ပန်းခံလို့"

"ကောင်းပြီလေ"

ဆေးအိတ်ဘေးမှာ ထည့်ယူလာသော ဖုန်းကို မြေမခ ထုတ်ယူလိုက်သည်။မေနှောင်းဖုန်းနံပါတ် မသိရင်တောင် မဂ္ဂဆီကို သူဆက်သွယ်လို့ ရသည်လေ။သို့ပေမယ့် ဖုန်းလေးခမျာ သူ့ထက်လျင်တဲ့ အနဂ္ဂက လက်ထဲသို့ မြန်ဆန်စွာရောက်ရှိသွားပါတော့သည်။

"အနဂ္ဂထည်...ကန့်လန့်တိုက်နေတာ တော်ပါတော့"

"ရတယ်လေ...ခင်ဗျားရအောင်ယူနိုင်ရင်ပေါ့"

"ကျစ်"

မြေမခဟာ အနဂ္ဂမြှောက်ကိုင်ထားသည့် ဖုန်းကိုလုရန် ကြိုးစားလိုက်သည်။သူကအလှမ်း အနဂ္ဂက အရှောင်မှာ နှစ်ယောက်သား ဟန်ချက်ပျက်သွားရ၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now