Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း

Start from the beginning
                                    

ထိုအကြီးအကဲများက ရှစ်ယုန့်ထိုင်စကားများအား မကြားချင်ယောင်ဆောင်ကြသည်သာမကပဲ တစ်ချို့ဆိုရင် ယုန့်ထိုင်စံအိမ် ဘယ်လိုဖြစ်တည်လာလဲ ဆိုတာနဲ့ လင်ရွှမ်းရွှမ်းဇီရဲ့ အပြုအမူတွေက အတော်လေး ကြင်နာနေပြီ ဆိုတာကို စဉ်းစားကြည့်ရင် သိနိုင်တယ်လို့ပင် နှာခေါင်းရှုံကြလေသည်။

ရှစ်ယုန့်ထိုင်မှာ ဒေါသထွက်လွန်းလို့  သွေးအန်လုနီးပါး ဖြစ်တဲ့အထိ လှောင်ပြောင်ခံလိုက်ရသည်။ သူက ကုန်သည်ကြီးများ အသင်းကနေ ဒေါသတကြီး ထွက်လာခဲ့ပြီး သူ့ကိုယ်သူ အရူးမလုပ်ချင်တော့ပေ။

သူက တစ်ခြားဝိညာဉ်ဆေးပင်ဆိုင်များအား ရှာဖွေပြီး လင်ရွှမ်းဇီကို ဖယ်ထုတ်ရန် တွန်းအားပေးချင်သော်လည်း ထိုသူတို့က ယင်ယန်စတူဒီယို၏ အရူးအမူးလျော့ဈေးပေးခြင်းကြောင့် ထိခိုက်မှု မရှိဖြစ်နေမယ်လို့ မထင်ထားခဲ့မိ။ ယင်းအတွက် အကြောင်းပြချက်ကတော့အလွန်ရိုးရှင်းပါသည်။ယင်ယန်စတူဒီယိုက တစ်ခြားဆိုင်များရဲ့ ဝိညာဉ်ဆေးပင်များနဲ့ မတူမျိုးကွဲသည့် ဆေးပင်များအား ထုတ်လုပ်ရုံတင်မကပဲ ကျန်တဲ့ ဆေးပင်တွေကလည်း အဲ့ဒီဆိုင်တွေရဲ့ ရွေးချယ်မှုကို လုံးဝနီးပါး ရှောင်ထားတယ်!

အဲ့ဒီတော့ အဲ့ဒီဝိညာဉ်ဆေးပင်ဆိုင်တွေအားလုံး သက်ရောက်မှု လုံးဝမရှိဘူး။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!

ရှစ်ယုန့်ထိုင်က လူပြောသူပြောနဲ့ လှည့်စားခြင်းကို ငြင်းဆိုလိုက်ပြီး တစ်ခြားဝိညာဉ်ဆေးပင်ဆိုင်များသို့ပါ သွားရောက်ခဲ့သည်။ ရုတ်တရက် သူသိရှိသွားရတာက ယုန့်ထိုင်စံအိမ်နဲ့ တစ်ခြားဆိုင်တွေမှာ ရောင်းချနေတဲ့ ဝိညာဉ်ဆေးပင်တွေက တကယ့်ကို ကွဲပြားနေတယ် ဆိုတာကိုပင်။

ပြောရမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဝိညာဉ်ဆေးပင် အမျိုးအစားပေါင်း သောင်းချီကျော်ရှိနေသည်။အသုံးအများဆုံးနှင့် အခြေခံအမျိုးအစားများအပြင် ဆိုင်တိုင်းရှိ ဝိညာဉ်ဆေးဖက်ဝင်အပင်အများစုက တူညီခြင်းမရှိပေ။ သို့သော်လည်း ရှစ်ယုန့်ထိုင် အရင်တုန်းက လင်ကျန်နဲ့ အလုပ်လုပ်တဲ့ အချိန်မှာ ဝိညာဉ်ဆေးပင်အများစုက လင်ကျန်ဆီကတိုက်ရိုက် ရောက်လာခြင်းဖြစ်တာကြောင့် အနည်းစုကိုသာ သိထားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now