ယင်ဟောက်သူ့လုပ်ရပ်များအတွက်စိတ်ကိုအဆင်သင့်ပြင်ပြီးသည့်နောက်တွင်တော့ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ကာ အိမ်မှထွက်သွားတော့သည်။

ဟယ့်ချန်းနင်ကတော့ သူ့အခန်းထဲတွင်သာရှိဆဲဖြစ်ကာ သူ့အလုပ်များနှင့်သူ ဖျားနာမတတ်အလုပ်ရှုပ်နေ၏။ မုန်းတီးခြင်းမှပေါ်ပေါက်လာသော လျို့ဝှက်အကြံအစည်တစ်ခုကသူ့ထံသို့ရောက်လာနေပြီဖြစ်၍ ထိုလူကသူ့ကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေသည့်အကြောင်း ကိုတော့ သူလုံးလုံးလျားလျားမသိခဲ့ပါချေ။

ထိုရက်ပိုင်းအတွင်း၌ ရှန်ယွီရှန်းသည်လည်း အလုပ်တော်တော်ရှုပ်နေရ၏။ သူ့ကုမ္ပဏီကိစ္စများအား မြန်နိုင်သမျှမြန်မြန်အဆုံးသတ်ချင်လှကာ ထိုမှသာလျှင် မင်္ဂလာပွဲကိုစီစဉ်ဖို့ သူ့အတွက်အချိန်နှင့်အင်အားများများရလိမ့်မည်လေ။ ထို့အပြင် ချန်းနင်၏ဘေး၌သူနေနိုင်ဖို့လည်းမျှော်လင့်ကာ ထိုမှသာလျှင် သူတို့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိ၍ သူတို့ကြားကဆက်ဆံရေးကိုလည်းပို၍မြှင့်တင့်နိုင်ကာ နှစ်ဦးသား၏ဘဝအတွက်အခြေခံကိုတည်မြဲစေနိုင်လိမ့်မည်ပင်။

နေ့စဉ်နေ့တိုင်းအလုပ်လုပ်နေသည်မှလွဲ၍ ရှန်ယွီရှန်းက ချန်းနင်ကိုဖုန်းခေါ်ရန်အတွက် အချိန်အနည်းငယ်တော့အမြဲချန်ထားခဲ့သည်။ တဖက္လူက ဘာလုပ်နေသလဲ၊ အလုပ်ရောဘယ်လိုနေလဲ၊ အစားကောင်းကောင်းစားရဲ့လား၊ ပြည့်ပြည့်ဝဝအနားယူရဲ့လား ကဲ့သို့သော သာမာန်မေးခွန်းလေးများသာဖြစ်သည်။ သေချာပေါက် ချန်းနင်ကိုယင်မိသားစုဝင်များကိုသတိထား၍ တစ်ခုခုဖြစ်လာပါကသူ့ကိုချက်ချင်းပေးဖို့လည်း သတိပေးဖို့အမြဲမှတ်မိကာ သို့မှသာ ချန်းနင်ကိုစောင့်ရှောက်ဖို့လူလွှတ်နိုင်မည်ဖြစ်ချေသည်။

ရှန်ယွီရှန်းဆီမှဖုန်းခေါ်ဆိုမှုရသည့်အခါတိုင်းက ချန်းနင်အတွက်တော့ အပျော်ရွှင်ရဆုံးအချိန်ဖြစ်ကြောင်း သံသယဝင်စရာပင်မလိုပါချေ။ သူကပြုံး၍ ယွီရှန်းကို သူမည်သို့စိတ်ခံစားချက်ကောင်းနေကြောင်း၊ ကောင်းကောင်းစားကြောင်းနှင့် အရာအားလုံးအဆင်ပြေကြောင်းကဲ့သို့သော သူ့နေစဉ်လုပ်ငန်းများအား သတင်းပို့မည်။ ချန်းနင်က သူ့အား ကောင်းစွာအနားယူ၍ ကိုယ့်ကိုကိုယ်အလုပ်၌ပြင်းပြင်းထန်ထန်ဖိအားမပေးသင့်ကြောင်း သတိပေးဖို့လည်းမမေ့ချေ။ လူနှစ်ယောက်က နှစ်ပေါင်းများစွာပေါင်းသင်းလာခဲ့သည့် ခင်ပွန်းနှင့်ဇနီးသည်ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် စိတ်ပူ၍ဂရုစိုက်ပေးနေကြတော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now