"စကားကိုဆုံးအောင်နားထောင်
ယောကျ်ားနိုင်ရတယ်ဆိုပြီး စွတ်ကန်ရိုက်မနေနဲ့
နာတယ်!!!!"

"မသိဘဲ ဘာကိစ္စလာမှာလဲ...ငါမင်းအလုပ်ကို
နေ့တိုင်းလာမကြည့်နိုင်ဘူးဆိုပြီး
စမ်းကြည့်တဲ့သဘောလား....
ငါသတ်ပစ်မှာနော်...."

တုန်ခိုက်နေသောအသံများနှင်းဆက်ဆက်ခါ
နာနေပုံရသောMD Parkသည်အံကြိတ်ကာ
ဆိုသည်။

"သူ့အဖေနဲ့မောင်အလုပ်ကိစ္စတွေပြောရင်
ပါလာတတ်တာ မောင်နဲ့မျက်လုံးချင်းတောင်
မဆုံဖူးတာကို ဒီနေ့ သူ့မွေးနေ့လာဖိတ်တာ
ဆိုပြီးရောက်လာတာ ...တကယ်ပါ
မောင် လုံးဝလုံးဝကိုစိတ်ထဲမရှိပါဘူး...."

"မျက်လုံးချင်းတောင်မဆုံဖူးဘဲ
မွေးနေ့လာဖိတ်ရလောက်တဲ့အထိတော့
ရင်းနှီးတယ်တဲ့လား..."

"မောင် အကန့်တွေရှင်းတယ်Jimin...
Public မှာအလုပ်လုပ်နေတာကွာ
မောင့် လိုလူမျိုးမှာ ဒီလိုမျိုးတွေကအနည်းအများ
တော့ကြုံဆုံရမှာပဲ ...."

"အော် အော် ဟုတ်ပါရဲ့တအား တအားကို
စန်းပွင့်တဲ့ ယောကျ်ားချောကြီးကို
ရထားတာကို ငါကမေ့မေ့သွားတယ်...."

"လာမရွဲ့နဲ့နော်...မင်းကမင်းကိုသဝန်တို
ရင်တော့ ပြေးပေါက်ပိတ်အောင်
ပြောတယ် မောင့်အလှည့်ကျတော့
ဖြည့်မတွေးပေးဘူး..."

"ဘာကိုဖြည့်တွေးပေးရမှာလဲ!!!!
ငါမင်းရုံးခန်းထဲကို အတွင်းရေးမှူးကလွဲ
ရင် ဘယ်မိန်းမမှအဝင်မခံဘူးလေ..."

"ရုတ်တရက်အရေးကြီးတယ်ဆိုပြီး
ရောက်လာတော့သူ့အဖေအလုပ်ကိစ္စတွေ
များဖြစ်နေမလားဆိုပြီးဝင်ခိုင်းလိုက်တာပါ..."

"၁၆မိနစ်လောက်အထိဘာတွေပြောနေလဲ
ပြော!!! ပြော!!!"

မတ်တပ်ရပ်နေသောမောင့်အားဆိုဖာပေါ်
တွန်းချတော့မောင်သည် မထင်မှတ်ထားတာ
မို့ရုပ်ပျက်ဆင်းပျက်ပစ်လှဲကျသွားသည်။
မီးတောင်လေးသည် မောင့်အပေါ်တက်ထိုင်ကာ
ထင်ရာမြင်ရာရိုက်တော့ မောင်ရှောင်၍မရ..။

မောင်Where stories live. Discover now