💔36💔

48.8K 3.9K 3.5K
                                    

ဝုန်းးးးးးးးး ။

အရှိန်နဲ့ပွင့်ထွက်သွားသောတံခါးချပ်သည်
ကျယ်လောင်လွန်းစွာ...။
အတင်းအကျပ်ချူပ်နမ်းနေသူနှင့်မလွတ်မြောက်
နိုင်သောသူနှစ်ယောက်လုံးရုတ်တရက်မို့
လန့်သွားကာ ပြေးဝင်လာသူကိုပြိုင်တူ
ကြည့်မိလိုက်သည်။

မီးတောင်လေးမျက်နှာသွေးမရှိတော့ပါ.....။

"မောင်...!"

မောင်သည် အေးစက်တောင့်တင်းနေသော
မျက်နှာဖြင့်ပထမဆုံးလုပ်လိုက်သောအလုပ်သည်
ဆိုင်သူလေး၏ခါးတွေကိုဆွဲဖက်ထားကာ
နှုတ်ခမ်းတွေကို ခိုနားနေသော ကောင်းကင်ပြာ
လေးဆီပြေးဝင်ပြီးဆိုင်သူလေးဆီမှဆွဲခွါကာ
အခန်းထောင့်သို့ ဆွဲလွှတ်ပစ်လိုက်သည်။

"မောင်!!!!!"

ထယ်သည် နံရံနှင့်ပြေးရိုက်ကာချက်ချင်းပြန်မထ
နိုင်...။ငြီးငြူးသံတစ်ချက်ကြားလိုက်ရသည်။

မောင်သည် စားပွဲပေါ်အလှတင်ထားသော
ကြွေပန်းအိုးကို ဆွဲယူကာ TaeHyung သို့
ပြေးသွားပြီး TaeHyung အကျီစကို ကြမ်းတမ်းစွာ
ဆွဲမလျှက် ကြွေပန်းအိုးဖြင့် ရွယ်လိုက်သည်။

အသေရိုက်ပစ်လိုက်ဖို့...။ဒေါသနှင့်မထိန်းချူပ်
နိုင်သောစိတ်မှာ မောင်အဆုံးအထိရူးပြီး
ရောက်လာခဲ့တာ.....။

ကြွေပန်းအိုးဖြင့်ရိုက်ချလိုက်ဖို့လက်တစ်ချက်
လှုပ်အသွားတွင်....
ဖျက်ခနဲစူးစူးစိုက်စိုက်ကြည့်လာသောယောင်း
မျက်လုံးတွေ...။
ရင်ဘက်တစ်ခုလုံးစူးနစ်အောင့်မျက်သွားခဲ့ကာ
လက်တွေတုံ့ခနဲ...။

မီးခိုးရောင် ရင့်ရင့် မျက်လုံးတွေသည်
ဘယ်တန်ခိုးအရှိန်အဝါတွေကြောင့်များ
ဒီလောက်အခြေအနေအထိရောက်တာတောင်
နာကျင်ဖို့..သွေးတစ်စက်ထွက်လာစေဖို့
သူ့ကိုတားနိုင်နေသေးတာလဲ.....။

အပြာရောင်ဆံပင်တွေ....
နားက ခပ်လှုပ်လှုပ်နားဆွဲလှလှလေး
အရုပ်ကလေးလိုမျက်နှာလေးကိုမောင်
မုန်းမုန်းတီးတီးကိုအံကြိတ်ကြည့်ကာ
ကြွေပန်းအိုးနဲ့ဘာဖြစ်ဖြစ်ရိုက်ချလိုက်မည်ဟု
ထပ်ဆုံးဖြတ်ပြီးလှုပ်ရှားလိုက်ပေမယ့်
တကယ်တမ်း TaeHyung
မျက်လုံးတွေမှိတ်ကျသွားလျှက်
ကိုယ်လုံးလေးကျုံ့သွားတဲ့အခါ မောင့်လက်တွေ
လေထဲမှာရပ်သွားသည်။

မောင်Where stories live. Discover now