'ဘာလို့ သူတို့ကိုဒီလိုအကြည့်တွေနဲ့ကြည့်နေကြတာလဲ????'

သူတို့စဉ်းစားနေရင်းဒဏ်ရာရပြီးလှဲနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတာမို့ လန့်သွားကြသည်။အဲ့အဖွဲ့ထဲက မိန်းကလေးတစ် ယောက်ကယင်ဆုရဲ့ဘေးနားကိုရောက်လာပြီး

"ခေါင်းဆောင် ဘာတွေဖြစ်နေတာလဲ မကောင်းတာတစ်ခုခုဖြစ်သွားလို့လား"

ယင်ဆုသူမရဲ့‌ ဘေးကိုရောက်လာတဲ့ မိန်းကလေးကိုလှည့်ကြည့်လိုက်တော့ သူမရဲ့မျက်နှာကစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေတာကိုတွေ့လိုက်ရတာမို့  ချော့ပြီးအနည်းငယ် နှစ်သိမ့်ပေးလိုက်ကာ အဖြစ်အပျက်တွေကိုအကျဉ်းချုံးပြီးပြောပြလိုက်သည်။

သူတို့လေးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး
"ဟူးးးတော်သေးတာပေါ့ ကျနော်တို့အဖွဲ့အရမ်းကိုကံကောင်းသွားတယ်"

"ပြန်လာတဲ့လမ်းမှာထူးဆန်းပြီးမူမမှန်တာတစ်ခုခုကိုတွေ့ခဲ့ကြလား" ယင်ဆုရဲ့ဘေးမှာမတ်တပ်ရပ်နေတဲ့ မာဖီကလှမ်းမေးလိုက်သည်။

အကုန်လုံးခေါင်းရမ်းပြလိုက်ပြီး တစ်ယောက်မှမတွေ့ခဲ့ကြောင်းပြောပြလိုက်သည်။
"ငါတို့ ထူးဆန်းတာ တစ်ခုမှကိုမတွေ့ခဲ့ဘူး။ "

"ဒါဆိုရင်တော့ ကျန်တဲ့လူတွေတစ်ခုခုဖြစ်နေလောက်ပြီ"
နားထောင်နေတဲ့ ရမ်းဆေးကရုတ်တရက်၀င်ပြောလိုက်သည်။

"ဒါဆိုရင် ငါတို့အခု သူတို့ကိုသွားကယ်မှဖြစ်မယ်။  ရွေးထားတဲ့ ငါးယောက်ကငါနဲ့လိုက်ခဲ့ရမယ်။ကျန်တဲ့လူတွေကတော့ လောလောဆယ်ကားပေါ်မှာစောင့်နေကြပါ ။ငါတို့နောက်ကိုလိုက်လာဖို့မစဉ်းစားနဲ့။ အခုထွက်မယ်"

ယင်ဆုတို့အဖွဲ့ကားထဲကနေအပြင်ထွက်တာနဲ့မာဖီကပါလိုက်ဆင်းဖို့လုပ်လိုက်တာမို့

"မာဖီ နင်သူတို့ကို ကာကွယ်ဖို့ကျန်ခဲ့ပါ ငါစိတ်ချမယ်နော်"

ယင်ဆုတို့ထွက်သွားတာနဲ့ကားပေါ်ကလေထုကပိုပြီးတိတ်ဆိတ်လေးလံသွားခဲ့သည်။

အဲ့အချိန်မှာဘဲအားလုံးကရုတ်တရက်ထရပ်လိုက်တဲ့ ချောမောလှပတဲ့ကောင်လေးတစ်ယောက်ကိုမြင်လိုက်ကြသည် ။
သူတို့မနက်လာတုန်းကဒီလောက်ချော‌တဲ့ကောင်ချောလေးကိုမမြင်မိကြပါလား။ သူတို့အားလုံးရဲ့အကြည့်တွေက အဲ့ကောင်လေးပေါ်မှာဘဲကပ်ငြိနေကြတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now