Intro_System Space

Start from the beginning
                                    

ဟက်..နှစ်တေအကြာကြီးသူမက ဟန်ဆောင်ကာ
မေတ္တတေပေးခဲ့ ခက်ခဲတဲ့အချန်တေမှာအတူရှိပြီး ဂရုစိုက်ကာ
ဖေးမခဲ့တဲ့သူမကို ချစ်ခင်နှစ်သက်မိသည်။
ကျွန်တော် အသက်22သူမအသက်23မှာ အတည်အလင်း
တွဲခဲကြတယ်...

ကျွန်တော့ဘဝဟာသာယာနေခဲ့တာပေါ့ ဖခင်ခိုင်းတာလေးလုပ်ပေးလိုက် သူမလေးနဲ့သာယာလိုက်
သို့ပေမယ့် တစ်ခါမှနမ်းတောင်မနမ်းဖူး ချစ်သူရည်းစားထက်အမတစ်ယောက်လိုမေတ္တာမျိုးနဲ့ချစ်သည်
ထိုလောက်သူမကိုတန်ဖိုးထားသည်
ကျွန်တော့ဘဝမှာအချစ်ရှိပြီထင်ခဲ့တာ ပြည့်စုံပြီပေါ့...

ထိုနေ့မတိုင်ခင်အထိပြည်စုံခဲ့ပါတယ် ထို့နေ့မှသိခဲ့ရတာက
ခါးသက်သောအမှန်တရားတချို့...
တချိန်တုန်းကမားနဲ့ပါးကအမှားတစ်ခုကြောင့်လက်ထက်ခဲ့
ရပြီး မားကအမည်ခံ မယားသာ မားရှေ့တင် ပါးက တစ်ယောက်ပြီးတစ်ယောက်နဲ့ဖောက်ပြားကာ
မူးရင်မားကိုရိုက်နှပ်တတ်သေးသည်တဲ့..
မားကျွန်တော်ကိုမွေးကာနီးကြီး ပါးကမိန်းမတစ်ယောက်နဲ့
ဖောက်ပြားကပြန်မလာခဲ့ မားကဖြစ်သလိုမီးဖွားကာ
ကျွန်တော်6လသားအရွယ်မှာထိုအိမ်ကနေစည်းစိမ်
တစ်ချို့ယူကာ ထွတ်သွားရင်းကိုယ့်ခြေထောက်ပေါ်ကိုယ့်ရပ်တည်ခဲ့သည်။
မျိုးရိုးနောက်ခံမရှိဆင်းရဲချို့တဲ့တဲ့ မားကထိုမှစဒုက္ခရောက်ခဲ့တယ်
မားနာကျင်ရတဲ့အတိတ်တေကို မတော်တဆ မားရဲ့
ဒိုင်ယာရီ လေးကနေသိခဲ့ရတယ်....

နောက်ထပ်အမှန်တရားတစ်ခု ကျွန်တော့်အပေါ် စစ်မှန်တဲ့
မေတ္တာတေပေးနေတယ်ထင်တဲ့သူမရဲ့အမေက ပါးရဲ့
တိတ်တိတ်ပုန်းမယားဟောင်းကြီးတဲ့ သူမနဲ့ ကျွန်တော်က
ဖအေတူမအေကွဲမောင်နှမတဲ့ သူမက ကျွန်တော့ ကို
အသုံးချခဲ့တာတဲ့လေ ဂိုဏ်းထဲက ကျွန်တော့ကို ညီအကိုလို
ဆက်ဆံရေးရှိတဲ့သူထဲကတစ်ယောက်နဲ့ တိတ်တိတ်လေး
ညားနေတာတဲ့ သူမက ပါးကို ကလဲ့စားချေချင်လို့
ဂိုဏ်းခေါင်းဆောင်ဖြစ်မယ့်ကျွန်တော့ကို အသုံးချခဲ့တာပဲဖြစ်သည်။

ဟက်.. ဘယ်လောက်တောင်နာကျင်ခဲ့ရတယ် အမြဲတမ်းမျော်လင့်နေရတဲ့ပါးက ကျွန်တော် သိပ်ချစ်ရတဲ့
မားအပေါ်ယုတ်မာတဲ့သူမှန်းမသိခဲ့ဖူး..
ကျွန်တော် ကိုသိပ်ချစ်တယ်လို့ထင်တဲ့သူမက နောက်ကျော
ဓားနဲ့ထိုးမယ်မှန်းမသိခဲ့ဖူး..
အဆိုးဆုံးကသူမနဲ့ကျွန်တော်ကမောင်နှမတဲ့..

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now