Part (59) ( Worship of Love )

Start from the beginning
                                    

" ရေသာမြန်မြန်ချိုးပါ ညနေစောင်းနေပြီ ၊ မင်းကဖျားရင် လူနားအရမ်းကပ်ချင်တာ ၊ ချွဲကလည်းချွဲချင်သေးတယ် ကိုယ့်အကြောင်းကိုယ်သိနော် "

ရဟန်ခေါင်းတဆက်ဆက်ငြိမ့်လိုက်ရင်း သူ့ရင်အုပ်ညိုတွေကို ဇိမ်ခံကာ ညှစ်လိုက်သည်။ ကြွက်သားမြှောင်းများကို ထိကိုင်ရင်း ပြုံးပြလိုက်သည်။ တစ်ဖက်လူက အသည်းယားသလိုကြည့်လာပြီး ရဟန့်မျက်နှာကို တရှုံရှုံလိုက်နမ်းသည်။ ရဟန်ခွန်းသဆိုတာ နေတာတော့ အပေါ်ကပဲ ၊ ချစ်သူကိုတော့ အလွန်ချွဲချင်သည်။ သူနဲ့ဆိုရင် ကလေးပေါက်စလေးပဲဖြစ်ချင်တာဖြစ်သည်။ Khon Keyက ရဟန်ခွန်းသဘဝ၏ နေရာတိုင်းမှာ ပါဝင်ပတ်သတ်နေတာဖြစ်သည်။

ခံစားချက်တွေကို မသေချာခင်အချိန်တည်းက Keyက ရဟန့်အတွက် သူငယ်ချင်းလို ၊ အကိုတစ်ယောက်လို ၊ အဖေတစ်ယောက်လိုနေရာက​နေ အမြဲဂရုစိုက်ခဲ့တာ။ အနားမှာအမြဲမရှိပေးနိုင်တဲ့ ဒယ်ဒီ့နေရာမှာ သူကအစားဝင်ပေးခဲ့တယ်ဆိုရင်လည်းမမှားပါ။ ရဟန့်အနားကို သူဘာအကြောင်းကြောင့်ပဲချဉ်းကပ်လာခဲ့ပါစေ ၊ အမြဲမသိချင်ယောင်ဆောင်ပေးခဲ့တာကလည်း သူ့ကိုအနားမှာအကြာကြီးထားချင်၍သာ။

" မင်းကို အများကြီးချစ်တယ် ၊ မနက်ဖြန်ဒယ်ဒီနဲ့တွေ့ရင် ငါ့နဲ့အတူရင်ဆိုင်ကြမယ်နော် ၊ ငါကာကွယ်ပေးမယ် "

" ငါမကြောက်ပါဘူး မင်းအဖေကို ၊ ဘာလို့ငါ့ကိုတွေ့ချင်လည်းဆိုတာကိုပဲ ငါသိချင်နေတာ "

" မနက်ဖြန်သိရမှာပေါ့ ၊ အခုတော့ "

" ဟာ ဟေ့ကောင်! "

ရေချိုးခန်းထဲက အမျိုးသားနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်လုံးထွေးသတ်ပုတ်ရင်း ရယ်နေကြ၏။ ချောချောမွေ့မွေ့နဲ့ ရေချိုးလို့ပြီးတာဆိုလို့ ဒီနေ့တစ်နေ့ပဲရှိမည်ထင်ပါသည်။ အရင်နေ့တွေကဆိုရင် ပြေးလွတ်တာမဟုတ်ပေ။ ရဟန်ခွန်းသကို ချစ်သူတော်ရတာလည်း လွယ်တာမဟုတ်။ Key ဘယ်လောက်ပဲလေ့ကျင့်ထားပါစေ သူ့အားကိုမယှဉ်နိုင်တာ ဘယ်လိုလုပ်ရမလဲ။ တစ်ခါတစ်လေတော့လည်း သူ့ကို အနိုင်လိုချင်သေးသည်။

" bae morning kiss "

" ခုဏကလည်း ပေးပြီးပြီ တော်တော့ "

ASTILLBE (Completed)Where stories live. Discover now