Part (59) ( Worship of Love )

Start from the beginning
                                    

အဝတ်တွေပြန်ခေါက်သိမ်းရင်း ကြိမ်ခြင်းထဲထည့်သယ်လိုက်သည်။ ဗီရိုကြီးကိုဖွင့်တော့ ချိတ်နဲ့ချိတ်ထားတဲ့အကျီတွေက ပြောင်းပြန်တွေ။ ကြိမ်ခြင်းကိုပစ်ချလို့ ဗီရိုကိုရှင်းရပြန်သည်။ ဒီနေ့အိမ်ကို သန့်ရှင်းရေးလုပ်ကြတာဖြစ်သည်။ ကွန်ဒိုမှာရှိတဲ့ ပစ္စည်းတွေကို အသစ်တွေနဲ့လဲပြီး အဟောင်းတွေကို ပြန်ရောင်းလိုက်တာဖြစ်သည်။ ဘယ်လောက်ပဲ ချမ်းသာပါတယ်ဆိုပါစေဦး ၊ ပိုက်ဆံပေးဝယ်ထားရတဲ့ပစ္စည်းတွေဆိုတော့ ဒီတိုင်းလွှင့်ပစ်လို့မှမရတာ။ အဟောင်းဆိုင်ပြန်မသွင်းတဲ့ အထဲမှာ သူတို့နှစ်ယောက် တက္ကသိုလ်ကျောင်းသားဘဝက မုန့်ဖိုးနဲ့ စုပြီးဝယ်ထားတဲ့ ကုတင် ၊ ထမင်းစား စားပွဲနဲ့ ၊ ဗီရိုကိုသာ ချန်ထားခဲ့သည်။ ခြေအိတ်တွေလျှော်နေတဲ့တစ်ယောက်က ရေချိုးခန်းထဲကနေပြီး အသံပေါင်းစုံထွက်နေ၏။ သူဆက်မလုပ်ချင်၍ ဆန္ဒပြနေတာဖြစ်ကြောင်း Key နားလည်လိုက်သည်။ အဲ့တစ်ယောက်က တကယ့် ဂျစ်တူး။

" ဘာလို့အသံပေါင်းစုံထွက်နေတာလဲ မင်း! ရဟန်ခွန်းသ! "

ရေချိုးခန်းထဲမှ ဆပ်ပြာမြုပ်တွေပွစာကြဲနေပြီး ရေချိုးကန်ထဲမှာလည်း ဆပ်ပြာမြုပ်တွေနဲ့ဖြစ်သည်။ တရားခံကတော့ ရေနွေးစိမ်နေ၏၊ ထင်တော့ထင်သားပဲ။ ရေသံမကြားတော့တည်းက တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ပြီးသားဖြစ်သည်။

" ရေချိုးချင်လာလို့လေ joinချင်လား "

ဆပ်ပြာမြုပ်တွေနဲ့တစ်ယောက်က သွားကိုဖြီးပြီးရယ်ပြနေ၏။ Keyအသာခေါင်းယမ်းလိုက်ပြီး အကျီတွေချွတ်ကာ အတွင်းခံတစ်ထည်ပဲချန်ပြီး ရေချိုးကန်ထဲဝင်စိမ်လိုက်သည်။ ယောကျာ်းနှစ်ယောက်၏အလေးချိန်ကြောင့် ရေများဘောင်ဘင်ခက်ကာ လျံကျကုန်သည်။

" ရေချိုးတာကို အဝတ်နဲ့ချိုးတာလား "

" နှာဘူးမကျစမ်းနဲ့ "

" ကိုယ်ဒီနေ့အရမ်းပင်ပန်းတာပဲ အားဖြည့်ဖို့လိုတယ် အနမ်းလေးပဲဖြစ်ဖြစ် "

ပင်ပန်းတယ်ဆိုတဲ့ကောင်က Key ၏ ရင်အုပ်ညိုတွေကို လာညှစ်ပြီး လျှောက်နမ်းနေတာကြောင့် ဒီတိုင်းပဲလွှတ်ထားပေးလိုက်သည်။ မငြင်းတာတွေ့တော့ သူကမျက်လုံးလှန်ကြည့်သေးသည်။ အရည်လဲ့နေသောမျက်ဝန်းများဖြစ်ပြီး ချစ်ရည်ရွှမ်းနေ၏။

ASTILLBE (Completed)Where stories live. Discover now