"ချစ်သူနဲ့ယှဥ်လာတော့ ငါ့ကိုနင်ကပစ်ပီပေါ့"

"ဘာချစ်သူလဲ မ နဲ့ငါက ညီအမတွေလိုပဲဟဲ့"

"Sisters my foot"

"ကဲပါဟယ် ကြွပါတော့ မြန်မြန်."

အတင်းလိုက်စနေတဲ့ lisa ကို taxi ပေါ်
တွန်းတင်လွှတ်ရတော့တယ်.

"ငါတို့တွေ့ရင် နင့်မမကိုပါခေါ်ခဲ့နော်"

ထွက်ခါစ taxi ဆီပေါ်က
လှမ်းအော်သွားတဲ့lisa ကြောင့်
ကျမခေါင်းကိုသာ အသာ​လေးခါ၍ ပြုံးမိသည်.
တကယ်မလွယ်ဘူး.
.
.

"ဟဲလို ကလေး. ခုဘယ်မှာလည်း.
အဆင်ပြေရဲ့လား
ထိခိုက်မိသေးလား"

ဖုန်းဝင်ပီး ပထမတစ်ခါပင် မြည်လို့မပီးသေး
ချက်ချင်းဖြေလိုက်တဲ့ မ ရဲ့အသံတွေထဲမှာ
စိုးရိမ်မှုတွေကအထင်းသား.

"ကလေး ဘာမှမဖြစ်ပါဘူး မရဲ့
သူငယ်ချင်းတစ်ယောက်နဲ့ပြန်ဆုံလို့
ခဏ စကားပြောနေတာ.
မ ကိုစောစောဖုန်းမခေါ်မိတာ
ကလေးတောင်းပန်ပါတယ်."

မ ဘက်က တိတ်ဆိတ်သွားပီး ခဏနေမှ
မရဲ့ အသတ်ရှူထုတ်သံပြင်းပြင်းလေးကို
ကြားလိုက်ရတယ်.
သတ်ပျင်းရှည်ကြီးချနေပြန်ပီနဲ့တူပါရဲ့.

"တော်သေးတာပေါ့ ကလေးရယ်.
ခုဘယ်မှာလည်း မ စက်ဘီးနဲ့လာခေါ်မယ်"

"လမ်းကြားထဲမဝင်ခင်နေရာ 7 11 နားက
ပန်းခြံထဲမှာ"

"ဟုတ်ပီ ခဏစောင့်နော် ၁၀ မိနစ်ပဲ"

မ ဖုန်းချသွားပီး ခုံတန်းလေးမှာပြန်ထိုင်ဖို့အလုပ်.
.
.
.
"မင်းကတော့ ဒီမှာလွတ်လပ်ပျော်ပါးနေတာပေါ့လေ"

.အသံလာရာဆီကြည့်လိုက်တော့
ကျမဆီလျှောက်လာနေတဲ့ Taehyun နဲ့ Jungkook.
ကျမရဲ့ စိတ်အထင်ဘဲလား မီးရောင်ကြောင့်လားတော့မသိ. သူတို့ရဲ့မျက်လုံးတွေဟာ အရောင်တွေဝင်းလက်လို့
ဒေါသတွေအထင်းသားမြင်နေရတယ်

"ဘာ ..ဘာကိုဆိုလိုတာလည်း"

ကြောက်စိတ်ကို အတတ်နိုင်ဆုံးမျိုသိပ်လို့
ကျမပြန်မေးလိုက်မိသည်

"မင်းကျကိုယ်လွတ်ရုန်းလွတ်လာပီး
အဖမ်းခံလိုက်ရတဲ့ ငါ့ညီမလေးအကြောင်းပြောနေတာလေ.
မင်းအတိတ်မေ့သွားတာတော့ မဟုတ်ပါဘူးနော်"

Two DimensionsWhere stories live. Discover now