An Event

731 68 3
                                    

.
.
.
"care to explain missy?"
.
lisa ရဲ့အမေးကို ပြန်မဖြေ​သေးဘဲ လက်ကာပြလိုက်ရင်း
ကျန်ရှိနေတဲ့ ခေါက်ဆွဲအနည်းငယ်ကို
တစ်လုပ်တည်း အပြတ်ရှင်းလိုက်တယ်.

"woah...စားလို့​ကောင်းလိုက်တာ."

နှစ်ယောက်သား စကားအေးဆေးပြောချင်တာနဲ့
mini mart တစ်ခုက instant noodle ဝယ်ကာ
အနီးနားက ပန်းခြံတစ်ခုမှာထိုင်စားလိုက်တယ်.
ပြေးလွှားထားရတော့
ဗိုက်ကလည်းအတော်စာနေတာပေါ့
.
"ကဲပြော. နင်ဘာသိချင်တာလည်း"

.
"အကုန်လုံးသိချင်တာ.
ဂေဟာကထွက်သွားပီးတဲ့နောက်
အခုထိဘာတွေလုပ်နေရာကနေ
လမ်းပေါ်မှာ လျှောက်ပြေးနေရတဲ့ကြောင်းအထိ
အကုန်ပြောပြ"

"ဖြန်း"
.
"အား. နာတယ်ဟ"

သူမ အမေးကြောင့်
လက်မောင်းကို ဖြန်းကနဲလှမ်းရိုက်လိုက်ပီး

"နင်ပြောပုံက ငါကပဲ အရူးလို
လမ်းပေါ်လျှောက်ပြေးနေတဲ့အတိုင်း"

"အေး အဲ့လိုမထင်စေချင်ရင် ပြောပြအကုန်".
.
.
ကျမလည်း ဖြစ်စဥ်ကြောင်းစုံကိုသေချာရှင်းပြလိုက်တယ်.
မ အကြောင်းကတော့ မပါမဖြစ်ပေါ့.

'oh shit. မ ဆိုတော့မှ မကိုဖုန်းဆက်ဖို့မေ့နေတာ.
ဖုန်းကိုထုတ်ကြည့်လိုက်တော့
58 missed calls နဲ့ message တွေလည်းအများကြီးပို့ထားတယ်

Ma
1234hrs .
ကလေး အဆင်ပြေရဲ့လား. မပီးသေးဘူးလား.
Ma
1250hrs .
မ စိတ်ပူနေပီကလေး reply ပြန်ပါအုံး
Ma
0121hrs.
ဟေး. အခုဘယ်မှာလည်း နောက်၅မိနစ်အတွင်း reply မပြန်ရင် အပြင်ထွက်လာပီး လိုက်ရှာတော့မှာနော်

Ma
0142hrs
.Park fucking Chaeyoung. you gotta be kidding me

Ma
0200hrs
. မရဲ့ကလေးလေး တကယ်ဒုတ်ခတွေ့နေတာလား.
စိတ်ပူလို့သေတော့မယ်.

Ma
0215hrs
. ကလေးကို တွေ့အောင်လိုက်ရှာမယ်

ကျိန်းသေပါပီ ခုချိန် မ တစ်ယောက်
စက်ဘီးတစ်စီးနဲ့ ကျမကို မြေလှန်ရှာနေပီ.

"lali နင်အိမ်အရင်ပြန်နှင့်တော့
ငါနင့်ဆီနောက်နေ့ ဖုန်းဆက်လိုက်မယ်
ဆိုင်တစ်ဆိုင်မှာအေးဆေးတွေ့ကျတာပေါ့.
နင့်အကြောင်းလည်း ငါ့ကိုပြောပြရအုံးမယ်.
ခုတော့ မ ကငါ့ကိုစိတ်ပူနေလို့ ငါပြန်မှရမယ်"

Two DimensionsWhere stories live. Discover now