Gifted

873 90 0
                                    


တစ်ဖက်က ကြားနေရတဲ့ အသက်ရှူသံသဲ့သဲ့လေးက ကျွန်မရဲ့ အထီးကျန်စိတ်ကို သက်သာရာရစေတာ မှန်ပေမယ့်
ထိတ်လန့်မှု စိုးရိမ်ကြောင့်ကျမှုတွေကိုတော့
မဖြေသာနိုင်ခဲ့ဘူး

အဖေသာရှိရင် ကျွန်မဘဝက မချမ်းသာရင်တောင်မှ ပူပန်ကြောင့်ကြမှုရှိမည် မထင်
အခုလိုမျိုး သူများစွန့်ပစ်ထားတဲ့အိမ်အိုကြီးမှာ
မကောင်းမှုပေါင်းစုံနဲ့
တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ဘဝကို
ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး
ခုတော့ လူတစ်ယောက်ကပါ
ကိုယ့်ပယောဂကြောင့် သေဆုံးရတယ်တဲ့လား

မျက်ရည်တွေက အတားအဆီးမရှိ စီးဆင်းလာတယ်
ရင်ထဲမှာ တင်းကျပ်လွန်းလာကာ
ကျွန်မကိုယ်လေး တုန်ယင်နေတဲ့အထိ
ရှိုက်ကြီးတငင် ငိုကျွေးနေမိတယ်

ထိုစဥ်...
ကျွန်မရဲ့ ကျောပြင်နောက်ကနေ
အဆိုပါသူစိမ်းအမျိုးသမီးရဲ့ပွေ့ဖတ်ခြင်းကိုခံလိုက်ရတယ်

ကျွန်မမရုန်းမိပါ.
အဲ့အချိန်မှာရလိုက်တဲ့နွေးထွေးမှုဟာ
ဘယ်လိုလူမျိုးဆီကနေ ဖြစ်ဖြစ်
ကျွန်မ မဖြစ်မနေလိုအပ်နေခဲ့လို့ပါ

ရှိုက်သံတွေကြားထဲကပဲ
သူ့ရဲ့တီးတိုးနှစ်သိမ့်ပေးနေသံတွေ
ကျမရဲ့ဂုတ်ပိုးကို လာရိုက်ခတ်နေတဲ့
သူရှူထုတ်လိုက်တဲ့ လေပူလေးတွေဟာ
ဘဝတလျှောက်လုံး အလိုအပ်ဆုံးအချိန်မှာ
ရရှိခဲ့တဲ့ အားအင်တခုရယ်ပါ

အဲ့ဒီ့ညမှာ မ" သာမရှိခဲ့ရင်
နောက်ထပ်မနက်ခင်းတွေကို
မြင်တွေ့ရဖို့ လက်လျှော့မိမယ်ထင်သည်

နောက်နေ့မနက်ရောက်တော့လည်း
မ" ဟာကျမဆီကနေ ထွက်မသွားခဲ့ပါဘူး

နောက်မှသိလိုက်ရတာက
Jennie ဆိုတဲ့သူမရဲ့ နာမည်ကလွဲလို့
ဘာမှမသိတဲ့အတိတ်မေ့နေသူဖြစ်ကြောင်း

နေစရာမရှိဘဲ တစ်ယောက်တည်း
ယောင်လည်၂ဖြစ်နေကြောင်း

ကျမသာ ခွင့်ပြုမယ်ဆို
ဒီအိမ်အိုကြီးမှာဆက်နေချင်ကြောင်းတွေ
ရှင်းပြတောင်းဆိုခဲ့တယ်

ကျမထပ် မ က ၂နှစ်ကြီးကြောင်းကိုတောင်
သူမလည်ဆွဲလေးမှာ ထွင်းထားတဲ့
ခုနှစ်သက်ကရာဇ်လေးကြောင့်သာသိရတာ

ကျမလည်းအစက တွေဝေမိတာပေါ့
ညကမှ သိရတဲ့သူစိမ်းတစ်ယောက်ကို
ယုံသင့်ရဲ့လား
အကယ်၍များ သူမဟာ
စုံထောက်တစ်ယောက်ဖြစ်နေခဲ့ရင်ရော

သူမကတော့ သေချာနားဝင်အောင်ရှင်းပြရှာတယ်
သူသာ စုံထောက်ဆို
ညတည်းက ဖမ်းလိုက်နိုင်ပီး
အတူထွက်ပြေးလာတာဖြစ်တဲ့အတွက်
သူမသည်လည်း အလိုတူအလိုပါအမှုထဲ
ပါနေပီတဲ့လေ

အဲ့လိုကျ သူပြောတာလည်း သဘာ၀ကျပါတယ်
ပြီးတော့
အဖော်လည်းရသလို
ဒီအိမ်ကြီးကလည်း ကိုယ့်အပိုင်မှမဟုတ်တာ

နောက်နေ့ကျတော့ 'မ'က
သူမမှာ အတိတ်မမေ့ခင်ထဲက
အတူရှိနေပုံရတဲ့ လက်ဝတ်ရတနာတချို့ကို
ထုခွဲရောင်းချပီး ကျမနဲ့သူမအတွက်
မွေ့ရာအပါးလေးနဲ့စောင်တွေ ဝယ်လာပေးခဲ့တယ်

အိမ်အဟောင်းကြီးဟာ မရဲ့တဖြည်းဖြည်းခြင်း
ပြင်ဆင်မှုတွေနဲ့ တကယ့်လူနေအိမ်ကြီးသဖွယ်
တောက်တောက်ပြောင်ပြောင်လေးဖြစ်လာတယ်
အပေါ်ထပ်က အခန်းကျဥ်းလေး ၂ခန်းကို
အိပ်ခန်းအဖြစ်ပြောင်းလဲလိုက်တယ်

ကျမအတွက်အခန်းထဲက
ဗီရိုအဟောင်းလေးထဲမှာတောင်
အဝတ်အစား အသစ်အချို့ဝယ်ထည့်ပေးခဲ့တယ်

မ ရောက်လာမှပဲ ကျမလည်း
လူလိုသူလိုလေးဖြစ်လာတယ်
မနက်စာဆိုလည်း အဆင်သင့်
အလုပ်ထွက်လုပ်လို့ အဆင်မပြေတဲ့ နေ့တွေမှာတောင်
ကျမအတွက် စားစရာအဆင်သင့်ရှိနေခဲ့တယ်

ကျမအပေါ် အရမ်းကောင်းတဲ့မ ကို
တခါတလေတော့ အားနာလွန်းလို့
အလုပ်အဆင်ပြေတဲ့ရက် ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း ရှင်းပြရတယ်
မ ကတော့ အဲ့လိုပြောတိုင်း အမြဲပဲ
ခေါင်းလေးငြိမ့်ပီး ပြုံးရုံလေးပြုံးပြတယ်

ကျမအိပ်ရာနိုးတိုင်း မ ကအိမ်ကထွက်သွားနှင့်ပီး မိုးချုပ်ခါနီးမှပြန်လာတတ်သည် တခါတလေ
ကျမအတွက် နေ့လည်စာဆိုပီး ပြန်လာပို့ရှာတယ်
သူ့မှာ အချိန်ပိုင်းအလုပ် တနေ့ကို ၃ခုလောက် ရှိသည်တဲ့လေ

တခါတော့ မ ကိုကျမမေးမိတယ်
ကျမအပေါ် ဘာလို့
အဲ့လောက်ကောင်းတာလည်းပေါ့

" မ ကိုဒီအိမ်ကြီးမှာ ကလေးနဲ့
အတူနေခွင့်ပေးလို့ ပီးတော့..
ညီမလေးတယောက်လို ချစ်လို့" တဲ့

မနဲ့ဒီအိမ်ကြီးမှာ အတူရှိနေခဲ့တာ
၅နှစ်တောင်ပြည့်တော့မယ်

တကယ်တော့
'မ' ဟာ ကျွန်မဘဝမှာ
ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့
အကောင်းဆုံးလက်ဆောင်တစ်ခုပါ။

******************





Two DimensionsWhere stories live. Discover now