လင်ဖန်းရူက ကျီဇီရွှမ်ကိုအံ့သြမှုအပြည့်နဲ့ကြည့်လိုက်ပီး ကျီဇီရွှမ်ကလည်းပါးစပ်မှထုတ်မပြောပေမယ့် မျက်၀န်းထဲမှာတော့အံ့အားသင့်မှုတွေနဲ့ပြည့်နေသည်။
ကျီချင်ကဆက်ပီး
"ဘာပဲဖြစ်ဖြစ် လုပ်ငန်းစုအကြောင်းဆွေးနွေးတာမလား၊ရှယ်ယာရှင်တယောက်အနေနဲ့ ကျနော်ပျက်ကွက်လို့ဘယ်ဖြစ်မလဲ"
ထိုစကားကိုကြားလိုက်ရတော့ ခန်းမထဲမှလူများသာမက ကုရှီးယွီပါရှော့ရသွားသည်။
လင်ဖန်းရူကတော့ဒေါသထွက်လွန်းလို့ အသက်ရှူသံတွေတောင်မမှန်တော့ဘဲ
"ရှယ်ယာရှင်ဟုတ်လား၊မင်းကဘယ်တုန်းက ကျီလုပ်ငန်းစုရဲ့ရှယ်ယာရှင်ဖြစ်လာရတာလဲ"
လင်ဖန်းရူရဲ့မေးခွန်းကို ကျီချငကပြန်မဖြေပေမယ့် သူမဘေးမှာတချိန်လုံးတိတ်ဆိတ်စွာရပ်နေတဲ့ကျီဇီရွှမ်က
"ဦးလေးကို ကျနော်ရှယ်ယာ ၅ရာခိုင်နှုန်းပေးလိုက်တာပါ"

လူတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်သွားကာ လင်ဖန်းရူကလည်းဒေါသတကြီးနဲ့
"မင်းအဘိုးကမင်းဦးလေးကိုကြည့်မရဘဲ တသက်လုံးကျီမိသားစုနဲ့မပတ်သက်စေချင်တာ မင်းလည်းသိရဲ့သားနဲ့။
မင်းကဘာလို့ဒီလောက်ရှယ်ယာတွေအများကြီးကို လွယ်လင့်တကူပေးလိုက်တာလဲ"
ကျီဇီရွှမ်ကကျီချင်ကိုကြည့်ကာ
"လက်ရှိဖုန်းမင်ကုမ္ပဏီရဲ့အောင်မြင်မှုအရ ဦးလေးကအရည်အချင်းရှိသူဖြစ်ကြောင်းသိရပီလေ။
အဲ့တော့ ကျီလုပ်ငန်းစုကိုဦးဆောင်ဖို့ဦးလေးကပိုသင့်တော်မယ်ထင်လို့"
လင်ဖန်းရူက ထိုရှင်းပြချက်ကိုလုံး၀လက်မခံနိုင်သလို ကုရှီးယွီအနေနဲ့လည်းမယုံပေ။
ဒီကမ္ဘာရဲ့လော့ဂျစ်အရ ကျီဇီရွှမ်နဲ့ကျီချင်ဆိုတာ ခြင်္သေ့၂ကောင်လေ။
ခြင်္သေ့၂ကောင်ကဂူတဂူထဲမှာ အတူနေရိုးထုံးစံမှမရှိတာ။

ကျီဇီရွှမ်ဘယ်လောက်ထိ ပြဿနာတက်နေပါစေ သူ့ဘက်မှစပီးအကူအညီတောင်းခံနိုင်ခြေမရှိပေ။
ကြည့်ရတာ ထိုရှယ်ယာတွေနဲ့ပတ်သက်ပီးကျီချင့်ဆီမှဖိအားပေးမှုကိုခံထားရပုံပင်။
ကုရှီးယွီတွေးနေတုန်း မီးဖိုချောင်ဘက်မှခေါင်းတလုံးပြူတစ်ပြူတစ်ဖြစ်နေတာမြင်လိုက်ရသည်။
သူမကတော့ ချင်ချန်းချန်းပင်။
ချင်ချန်းချန်းက ကျီဇီရွှမ်ကိုကြည့်ကာသူမမျက်၀န်းထဲမှာသူ့အတွက် စိုးရိမ်နေမှုတွေအထင်းသားပေါ်နေသည်။
ကုရှီးယွီက သူမကိုကြည့်ပီးခေါင်းထဲအတွေးတခုဖျတ်ခနဲလက်သွားသည်။
အခြားလူတွေက ရှော့ရနေရာမှသတိ၀င်လာပီး လင်ဖန်းရူရဲ့ဒေါသထွက်နေတဲ့မျက်နှာနဲ့ယှဥ်ရင် သူတို့မျက်နှာကပျော်နေသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now