သူတို့က အခုမှ ကြုံရတာဆိုတော့ ဘယ်ချိန်ကြွလာမလဲမသိပေ
နေ့လည်စာစားပြီး သိပ်မကြာ မတွေ့ချင်ဆုံးသူ အကြီးမားဆုံး ရန်သူကြီး Sehun ဆီ ရောက်လာပါရော ဝန်ထမ်းတွေကတော့ အရိုအသေပေးလျက် Sulli နဲ့တော့ ဖက်ပြီးနှုတ်ဆက်နေလေသည်
အခန်းထဲ Luhan papa နဲ့ Sehun နှစ်ယောက်ထဲ
သား Luhan... ဘယ်လိုလဲ အလုပ်တွေအဆင်ပြေရဲ့လား
ပြေပါတယ် papa
တက်ကြွမှုမရှိ စိတ်ပျက်လက်ပျက် papa လို့ခေါ်လိုက်ရတယ်
အင်းးး ရှယ်ယာတွေကို တတိတ်တဆိတ် ဝယ်ယူနေတဲ့သူ ရှိတယ် အမည်မပေါ်ဘဲ သားလည်းသိမှာပေါ့
ထင်တော့ထင်သား အဲ့ဒါကြောင့် ရောက်လာတာလား
သိပါတယ် ဘယ်သူလဲဆိုတာ စုံစမ်းဆဲပါ
Papa ကဘာရယ်မဟုတ် ကြုံတုန်းဝင်ကြည့်တာပါ နေကောင်းအောင်နေပါ ကျန်းမာရေးဂရုစိုက် ပြီးတော့ သတိလည်းထားနော် ပြိုင်ဘက်တွေ များတယ် အဲ့ဒီရှယ်ယာဝယ်စုနေသူကို လည်းသိအောင်လုပ်ပါ
ပခုံးပေါ်လက်တင်ကာ အားပေးသလိုလို ဂရုစိုက်သလိုလို သတိပေူသလိုလို ပြောသွားပေမယ့် Sehun ကတော့ ပခုံးကို ခါလိုက်ကာ ရွံရှာလျက်ပင် ဘိုးတော်ကြီးကတော့ ပြန်သွားပြီပေါ့
အဘိုးကြီးသိပ်ပါးနပ်ပါလား ရှယ်ယာကိုတိတ်တဆိတ် ဝယ်စုတာနဲ့ စိုးရိမ်နေတယ်ပေါ့ မကောင်းတာတွေ အများကြီးလုပ်ထားတော့ လန့်နေတာလား အဲ့ဒီလူကို စုံစမ်းစရာမလိုပါဘူး သိနေပြီးသားပဲ ပြီးတော့သူက ရှိသမျှ ရှယ်ယာတွေအားလုံး ပိုင်ဆိုင်အောင် လုပ်ဦးမှာ ခင်ဗျားကြီး နေနှင့်ဦးပေါ့
ဟာ သူဌေးဘယ်လိုရောက်လာတာလဲ
လျို့ဝှက် file တွေ လာစစ်တာ ဘာလဲ မင်းကငါ့ကိုမလာစေချင်ဘူးလား
မဟုတ်ပါဘူးဗျာ အေးဆေးထိုင်ဦး ကျွန်တော် bubble tea သွားဝယ်ပေးမယ်
အေးကွာ gomawo
သူဌေးကလည်း အဲ့လိုမပြောပါနဲ့
သူ့လူယုံတော်က သူ့အတွက်တော့ သူငယ်ချင်း ညီအစ်ကို တိုင်ပင်ဖော် တိုငိပင်ဖက်ပေါ့ company မှာ သူဌေးလေး ကွယ်ရာမှာသူဌေး Sehun လို့ခေါ်ဆိုတော့လည်းမဟုတ်ဘူး အခုလည်းကြည့် bubble tea ကြိုက်မှန်းသိတော့ သွားဝယ်ပေးနေပြီ
အဲ့လိုလူတစ်ယောက်ရှိတော့ Sehun စိတ်ချမ်းသာသည် အရင်ကဆို
bubble tea မသောက်ရရင် မနေနိုင်တဲ့ငါက အခုတော့အလုပ်တွေ ကြားမေ့မျောရင်း မသောက်ရတာ တော်တော်ကြာနေပြီ
ထိုချိန် ph လေး မြည်လာတယ် ကြည့်လိုက်တော့ Kris တဲ့
ဟင် Kris!!! Kris ဆိုတော့ Luhan chingu .....
Waiting for vitamin votes and feedbacks.. saranghae.. gamsamitha... 90° bow
Jinja miyanae.. update မလုပ်တာ တော်တော်ကြာသွားတယ် ပျင်းတာနဲ့ မအားတာရောပြီး ပျင်းမအားဖြစ်သွားတာပေါ့နော် ဟီးး စိတ်မချိုးနဲ့နော် ချစ်တို့
့
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-18
Start from the beginning
