Bloodက ဖိတ်ခေါ်မယ့်သူမရှိပဲ..
သူ‌ေရာက်နေတဲ့အိမ်ကြီးရဲ့ ဧည့်ခန်းထဲကို
လှည့်ပတ်ကြည့်ရှုနေသည်။

အိမ်ကြီးရဲ့အတွင်းပိုင်းပြင်ဆင်မှုကနန်းဆန်ပြီး ခမ်းနားလှသည်။
ဧည့်ခန်းရဲ့တစ်နေရာမှာ ကျွန်းသစ်သား
ဘောင်ခတ်ထားသောဓာတ်ပုံကြီးတစ်ခု
ချိတ်ဆွဲထားသည်။ ထိုပုံထဲမှာ..၅နှစ်ခန့်
ကောင်မလေးတစ်ယောက်ကဂါ၀န်ကား
ကားနဲ့ထိုင်ခုံတစ်ခုပေါ်မှာကျနစွာထိုင်နေတဲ့ပုံဖြစ်သည်။

သွေးထိုပုံအနားကိုလျှောက်ရင်းသေချာစူးစိုက်ကြည့်ကာ..တစ်နေရာရာမှာတွေ့ဘူး..မြင်ဘူးသလိုခံစားရသည်။

"Blood.."
အားခြင်းဆိုသလို‌ေရာက်လာတဲ့
လူကြီးမင်းကြောင့်
သူပုံခုံးတစ်ချက်ပင့်ပြီးလှည့်ကြည့်သည်။

"ဒီနေရာကိုဘာထင်နေလို့..မင်းလာတာလဲ.. တော်တော်အတင့်ရဲပါလား blood .."

"လူကြီးမင်းကအခုတလောအရမ်းအလုပ်များတော့ကျုပ်ကိုများမေ့နေမလားလို့ပါ..''

''ဘာလို့မင်းအလျှင်လိုနေရတာလဲ။
ပြောရရင်မင်းတကယ်လုပ်လိုက်ရတာလဲသိပ်မရှိပဲနဲ့''

''ဒါဆိုလည်းကျုပ်ပြန်ရင်လူကြီးမင်းအိမ်မှာလက်ဆောင်ထားခဲ့ပါ့မယ်''

''blood မင်း..''
''အဟွန်း...ကျုပ်လူတွေအသက်နဲ့ရင်းထားရတဲ့ ကိစ္စမျိုးကိုမနောက်ပြောင်သင့်ဘူး''

လူကြီးမင်းက သူ့တပည့်တစ်ယောက်ကိုအနား
ခေါ်ကာတစ်ခုခုယူလာခိုင်းလိုက်သည်။

bloodလာချပေးထားတဲ့ကော်ဖီကိုယူသောက်ရင်း
''ဒါနဲ့လူကြီးမင်းဟိုဓာတ်ပုံထဲကကလေးက ဘယ်သူလဲ သမီးများလား''

''ဘာလို့မေးတာလဲ''
''မြင်ဘူးသလိုပဲ''
''မဖြစ်နိုင်တာ ငါ့သမီးကအဲ့အရွယ်ထဲကပျောက်
နေတာ''

''ဒီလိုဆိုတော့ လူကြီးမင်းကကျုပ်အဖေထက်တောင်ဆိုးတဲ့လူထင်တယ်။
ကျုပ်အဖေဆိုရည်ရွယ်ချက်ချပြီးပုန်းနေရင်တောင် တွေ့အောင်
ရှာနိုင်တယ်''

''ငါဘာလို့မင်းလိုကောင်ဆီမှာဒီလိုအပြောအဆိုခံနေရလည်းမသိတော့ဘူး''

''အဟွန်း,, သမီးဖြစ်သူကို တစ်ခေါက်လောက်ရှာကြည့်ပေးရမလား
မြေကြီးထဲ ဝင်သွားတာနဲ့ကောင်းကင်
ပေါ်ပျံတတ်သွားတာမဟုတ်ရင်
ကျုပ်လူတွေကဘယ်လောက်ကြာကြာရှာတွေ့နိုင်ပါတယ်....
တစ်ခုပဲ ရှာတွေ့ရင်တော့ ကျုပ်နဲ့လက်ထပ်ပေးမယ်ဆိုရင်ပေါ့''

When a man falls in love...(Complete)Where stories live. Discover now