နောက်ထပ်လူတစ်ယောက်ရှေ့ထွက်လာပြီး..
သခင်လေးဟုခေါ်ခံရသောထိုလူသတ်သမား၏..ရှူးဖိနပ်နှင့်..အဝတ်မှာစွန်းပေနေသောသွေးများကိုတစ်ရှူးအစိုနဲ့သုပ်သင်
ပေးသည်။

ထိုလူကတော့..လူသတ်မှုကျုးလွန်ထားတာသူမဟုတ်တဲ့အတ်ိုင်း..ထိုနေရာမှာပင်စီးကရက်ထုတ်သောက်ကာ ဖွာရှိုက်နေလိုက်သေးသည်။

သူသည်ကား..death king ခေါ် Bloodခေါ်.. အနီသွေး ပင်တည်း....
///////////////////////////////////////////

အပိုင်း..၁
2006ခုနှစ်
"Blood..ကိုခေါ်လိုက်စမ်း..

"ဟုတ်သခင်ကြီး..''

Bloodဂိုဏ်းရဲ့သခင်ကြီးဖြစ်တဲ့ဦးဝေလု
..အမိန့်ပေးလိုက်တာနဲ့.. အနားကတပည့်တစ်ယောက်မြန်ဆန်စွာပင်ထွက်ခွာသွားသည်။

ခနအကြာ..
ကျွီ..ပွင့်ဟလာသောတံခါးချပ်မှ..တစ်ကိုယ်လုံးနက်ဆွေးနေအောင်ဝတ်စားထားသော
Bloodနဲ့အတူ..သူ့လက်ရုံး ဒိုင်းရိပ်ပါဝင်ရောက်လာသည်။
ဒါပေမယ့် ဒိုင်းရိပ်ကအခန်းဝမှာပဲရပ်ကျန်နေခဲ့ကာ..
Blood တစ်ယောက်ထဲ black menများဝန်းရံထားသောသခင်ကြီးရှေ့မှာလက်နောက်ပစ်ရပ်လိုက်ရင်း..

"အမိန့်ရှိပါ..''
သူ့ရှေ့ကစားပွဲခုံပေါ်သို့ဓာတ်ပုံတစ်ပုံပစ်ချပေးလိုက်သည်။
" မင်းယူပေးရမှာရှိတယ်..''
"ဘာကိုလိုချင်တာပါလဲ...''
"ဒီကောင့်လက်ထဲက စာရွက်စာတမ်း..''

"လူကိုကော..''
"ရှင်းလိုက်..''
"သိပါပြီ..''

စကားအပိုအလိုတစ်ခွန်းမဆို..ချပေးထားတဲ့
ဓာတ်ပုံကိုကောက်ပြီးချာခနဲလှည့်ထွက်သွားလေသည်။
ဒါကသားအဖတွေဆိုရင် ယုံပါ့မလား..
အဖေကလည်းသားလို့မခေါ်သလို..သားကလည်းအဖေလုပ်သူအား..သခင်ကြီးတဲ့..

သားအဖကြားအများဆုံးပြောဖြစ်တဲ့စကား..
Bloodစကားပြောတတ်စကတည်းက
ပထမဆုံးသင်ပေးခဲ့တာက..
"သတ်လိုက်.. ရှင်းပစ်လိုက်..''
ဒါပဲဖြစ်သည်။
နှစ်ယောက်စလုံးဂိုဏ်းစတားပီသစွာ.
..နှလုံးသွေးများရေခဲရိုက်ထားသလား
မှတ်ရအောင်..အေးစက်နိုင်လွန်းသည်။
......
ညအမှောင်ထုထဲမှာ ပရာဒိုကားတစ်စီးကပုံမှန်အရှိန်နှုန်းနဲ့အနက်ရောင်လမ်းမပေါ်မှာတစ်ရွေ့ရွေ့ပြေး
နေသည်။
လမ်းချိုးမှာမီးအမှောင်ချထားတဲ့ ကားအနက်သုံးစီးက ဘွားခနဲပေါ်လာပြီး..
ပါရာဒိုကားကိုကပ်ပြီးမောင်းနှင်လာသည်။

When a man falls in love...(Complete)Where stories live. Discover now