သူ၏အဖေအရင်းနှင့်ထိပ်တိုက်တွေ့နေရသည့်တိုင် ချန်းနင်ကတော့တည်ငြိမ်ဆဲပါပင်။

ဝါဂွမ်းစတစ်ခုကဲ့သို့ ယင်ကျိနျန်ကရုတ်တရပ်ဆိုဖာပေါ်သို့လဲကျသွားတော့သည်။

"မင်းငါ့ကိုမုန်းသလား?"

၎င်းကအမေးစကားတစ်ခုဖြစ်သော်ငြားလည်း အတည်ပြုနေသည့်လေသံဖြစ်ကာ မေးခွန်းအစစ်အမှန်တော့မဟုတ်ခဲ့ပါချေ။

ဟယ့်ချန်းနင်ကပြန်လဲခံမပြောတော့သလို ဖြေလဲမဖြေခဲ့။ သူရိုးရှင်းစွာနှင့်ပင် စာချုပ်စာတမ်းနှင့်ဘောပင်ကိုယူ၍ ယင်ကျိနျန်ရှေ့သို့ချပေးကာ တည်ငြိမ်ပြတ်သားသည့်လေသံဖြင့်ဆိုလာ၏။

"ဒီမှာလက်မှတ်ထိုးလိုက်ပါ"

ရှေ့နေကကျွမ်းကျင်သည့်ပုံစံကိုပြကာ လတ်မှတ်ထိုးပြီးသားစာရွက်များကိုသိမ်းဆည်း၍ နှုတ်ဆက်ပြီးနောက် ပြန်သွားတော့သည်။

ရှေ့နေကိုပို့ပြီးသည့်အခါတွင်တော့ ပြောစရာစကားမကျန်တော့သည့်ချန်းနင်က လှည့်ထွက်သွားကာ အပေါ်ထပ်သို့တက်သွားတော့သည်။

စိတ်ထိခိုက်နေသည့်ယင်ကျိနျန်ကတော့ အိမ်မှထွက်သွား၏။

ဧည့်ခန်းထဲမှ မဲမှောင်နေသည့်အမူအရာနှင့်သမီးယောက္ခမနှစ်ယောက်ကတော့ ဆန့်ကျင်ဘက်အနေအထားတွင်ထိုင်လျက် တစ်ယောက်နှင့်တစ်ယောက်ခေါင်းချင်းဆိုင်နေကြတော့သည်။

"အမေ... ကျွန်မတို့ဒီမျိုးမစစ်လေးကို ဒီတိုင်းလွှတ်ပေးလိုက်လို့မဖြစ်ဘူး"

ချုန်းမင်ကအံကြိတ်၍ဆိုလာ၏။

အကြီးအကဲယင်၏မျက်နှာမှကြမ်းတမ်းသောကြွက်သားများသည်လည်း ရှုံ့မဲ့လျက် ထောက်ခံလာတော့သည်။

"ဟမ်း သူကယင်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်တယ်ပေါ့?အဲ့တာကငါ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်ဟဲ့"

"ဟုတ်တယ်အမေ... အဲ့မျိုးမစစ်လေးကျွန်မတို့မိသားစုဆီက ဘာတစ်ခုမှယူသွားခွင့်မပြုဖို့ အမေနည်းလမ်းတစ်ခုခုတွေးမှဖြစ်မယ်"

မကျေမနပ်မျက်နှာထားဖြင့်အကြီးအကဲယင်ကဖြေကြားလာသည်။

"စိတ်မပူပါနဲ့... ငါတို့ဒင်းဖြစ်စေချင်သလိုမဖြစ်စေရဘူး"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang