"အချိန်မရှိတော့မှ ခေါင်းလျှော်ပြန်ပြီ
မင်းလက်ကအနာရှိန်နဲ့ရောပြီးဖျားတော့မှာပဲ"

"ဖျားလည်းဘေဘီအနားရှိနေတာပဲ"

Taehyungဒီကောင်လေးကိုကြည့်နေမိတာ ပုံမှန်ထက်ပိုနေသလားလို့။ဘေဘီဆိုတာကို ပါးစပ်ဖျားကမချပဲ ပါးကိုထိလိုက် ဆံပင်ကိုဖွလိုက်နဲ့ ပုံမှန်ထက်ကိုပိုနေတာ။

"မင်း ငါမသိအောင်ဘာအပြစ်တွေလုပ်ထားလို့ ဒီလိုမျိုးတွေသည်းပြနေတာလဲ"

"ဘာမှမလုပ်ထားပါဘူး အကို့ကိုပိုချစ်လာလို့လေ ကျွန်တော်ကအကို့ကို ထင်ထားတာထက်ပိုပြီးချစ်လာနေမိတယ်"

"ငါလည်းမင်းကိုချစ်တယ် မင်းထင်ထားတာထက်ပိုပြီးပေါ့"

Jungkookကကြည်ကြည်နူးနူးပြုံးပြီးတော့ကို ခေါင်းငြိမ့်ပြလိုက်သည်။မြတ်နိုးခြင်းတွေဟာ ဒီလိုအချိန်လေးတွေကိုဆိုလိုကြမှန်း အကိုနဲ့မှသူသဘောပေါက်လာရသည်။

Taehyungရေချိုးပြီးတာနဲ့အင်္ကျီအမြန်ဝတ်ကာ အနာကိုဆေးထည့်ပေးဖို့ပြင်ရသည်။

"စပ်နေလား နောက်ဆိုအဲ့လိုကောင်တွေနဲ့ဝေးဝေးကသာရှောင် သူတို့ကရန်ဖြစ်ပေးဖို့တောင်မတန်ဘူး"

"အမိန့်တော်အတိုင်းပါဗျ"

"လိမ္မာတယ် ပြီးရင်ညစာစားပြီးဆေးသောက်ရမယ်နော်"

Taehyungကပြောပြီးတာနဲ့Jungkookမေးဖျားလေးကိုနမ်းလိုက်ပြီး ဆေးသေတ္တာလေးထဲကိုပစ္စည်းတွေပြန်ထည့်နေလိုက်သည်။Jungkookကတော့ အဲ့အချိန်မှာဖုန်းနဲ့စာပို့နေသည်။သူ့ကိုယ်ရေးကိုယ်တာကိုဝင်မစွက်ဖက်ချင်တာမလို့ ထမင်းစားခန်းထဲကိုအရင်ဝင်လာလိုက်သည်။
ပေါင်မုန့်ပြင်ထားတဲ့ပန်းကန်နှစ်ချပ်ဘေးမှာ လိမ္မော်ဖျော်ရည်နှစ်ခွက်ပါထည့်လိုက်သည်။ထိုအချိန်မှာပဲအခန်းထဲသို့ဝင်လာတဲ့သူက Taehyung မျက်နှာကိုကြည့်ကာကြည့်ကာနဲ့။

"ဘာပြောမလို့လဲ ဘာပြောစရာရှိနေတာလဲ"

"အဲ့ဒါကလေ အကို.....
ဆယ်ရာက ပြောစရာရှိလို့ ကျွန်တော့်တိုက်ခန်းရှေ့မှာစောင့်နေတယ်တဲ့
အဲ့ဒါ မလာမချင်းမပြန်ဘူးတဲ့"

APOLLO Where stories live. Discover now