Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်

Start from the beginning
                                    

ယန်ထျန်းဟန်က ရပ်တန့်သွားပြီးနောက် အော်ငိုတော့သည်။

"အဲ့ဒီတော့ ဒါကြောင့်အကိုကြီးက ကျွန်တော်ထွက်လာမှာကို မစောင့်ပဲ ထွက်သွားတာပေါ့, လတ်စသတ်တော့ ကျွန်တော်တံခါးပိတ် တရားကျင့်တာက ဆယ်ရက်မဟုတ်ပဲ နှစ်လဖြစ်နေတာပဲ!"

မဟာအကြီးအကဲ ဟွိုင်ယွီ, "..."

သောက်ခွေး, ဘယ်လိုဖြစ်လို့ ခေါင်းစဉ်က လင်ရွှမ်းဇီပဲ ထပ်ဖြစ်သွားရပြန်တာလဲ?

သောက်ရမ်းစိတ်ဆိုးတယ်!

ယန်ထျန်းဟန်က လျှို့ဝှက်အာဃာတ တရားတွေနဲ့ နှာမှုတ်ရင်း မဟာအကြီးအကဲဟွိုင်ယွီအား ကြည့်၍ စွပ်စွဲချက်အပြည့် လေသံနဲ့ ပြောလာသည်။

"ဆရာ, ကျွန်တော့ကို လိမ်တယ်, ဆယ်ရက်အတွင်း ထွက်လာနိုင်မယ်လို့ ရှင်းရှင်းကြီးပြောခဲ့ပြီးတော့!"

မဟာအကြီးအကဲ ဟွိုင်ယွီက မရှက်သွားတဲအပြင် ဂုဏ်ပါယူနေသေးသည်။

"အဲ့ဒီတော့, မင်းကိုငါလိမ်တော့ရော ဘာဖြစ်လဲ? မင်းကိုဘယ်သူက ဒီလောက် အလွယ်တကူ လှည့်ဖြားလို့ ရခိုင်းလို့လဲ? ငါက အဲ့ဒီအတွက်ပါ အပြစ်တင်ခံရမယ်လို့ လာပြောနေတာလာ?"

ယန်ထျန်းဟန်, "..."

သို့သော်လည်း ယန်ထျန်းဟန်က ခဏတာ စိတ်ပျက်လက်ပျက်ဖြစ်ပြီး နာကျင်နေရပေမယ့် မကြာခင်မှာ ပျော်ရွှင်လာပြန်သည်။ အကြောင်းကတော့ မဟာအကြီးအကဲ ဟွိုင်ယွီက သူ့ကို ကျီစားနေပေမယ့်လည်း သူ့အဂ္ဂီရတ်အတတ်က တကယ့်ကို ကြီးမြတ်နေတာလေ။ ဒါ့အပြင် သူ့ဆရာက သူ့ကို လျှို့ဝှက်လက်ဆွဲစာအုပ်တွေနဲ့ အဂ္ဂီရတ်နည်းစနစ်တွေကို သင်ကြားပေးဖို့ ဆန္ဒရှိတယ်။ အဂ္ဂီရတ် ပညာရှင်တစ်ယောက်အတွက် အဲ့ဒီအရာတွေက ဘယ်အရာထက်မဆို အရေးပါဆုံးပဲ

ယန်ထျန်းဟန်၏ တိုးတက်မှုက တစ်နေ့ကို မိုင်တစ်ထောင်လောက် တိုးလာသည်ဟုပင် ဖော်ပြနိုင်သည်။ တံခါးပိတ်တရားကျင့်တဲ့ နှစ်လအတွင်းမှာ မာကျောတဲ့ခန္ဆာ ဆေးအမျိုးအစား တစ်ခုတည်းနဲ့တင် ဆယ့်ငါးလုံး သန့်စင်နိုင်ခဲ့သည်။ မာကျောတဲ့ခန္ဆာဆေးလုံး ဆယ်လုံးက အထက်တန်းအဆင့် ဖြစ်သော်လည်း အမတတစ်ယောက်ဖြစ်ရန် ကျင့်ကြံနေကြသူတွေအတွက် အထက်တန်းအဆင့် ဆေးလုံးတစ်လုံးလောက် ဝယ်ယူနိုင်လျှင်ပင် ၎င်းတို့အား စိတ်ချမ်းသာစေဖို့ လုံလောက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now