လိမ္မာပါးနပ်သည့်အမျိုးသမီးကြီးက အတွေးထဲ၌နစ်မြုပ်လျပ်။ ခဏကြာသည့်အခါတွင်တော့ သူမမျက်ဝန်း၌ အရောင်းများတောက်လာတော့သည်။ သူမက ချန်းနင်နာမည်အောက်မှထိုပိုင်ဆိုင်မှုများအား သူမ၏မြေးလေးများကိုကိုင်တွယ်ခိုင်းရန်သာလိုအပ်ပေသည်။ ထိုအချိန်အတွင်း သူမတို့ကြိုက်သလောက်ငွေပမာဏကို ဖြတ်ယူထားနိုင်သည်လေ။ ထိုအတွေးကမဒမ်ယင်၏မျက်နှာဖောင်းဖောင်းကြီးအား ပန်းတစ်ပွင့်ကဲ့သို့တောက်ပသွားစေသည်။

"မဒမ်ရှန်.. ရှင်ကချန်းနင်လေးအပေါ်တန်ဖိုးထားပေးတာကိုကျွန်မတို့တကယ်ကျေးဇူးတင်ပါတယ်... ရှင်သူ့ကိုတန်ဖိုးထားတာကသူ့အတွက်တော့ ကောင်းချီးတစ်ခုပါပဲရှင်...ဒါပေမဲ့လည်း ချန်းနင်ကအရမ်းငယ်သေးတော့ သူမကိုင်တွယ်နိုင်တဲ့အရာတွေအများကြီးရှိပါသေးတယ် ရှင်ပေးတဲ့လက်ဖွဲ့တွေကအရမ်းများလွန်းတော့ သူတစ်ယောက်ထဲထိန်းသိမ်းဖို့ဆိုတတ်နိုင်မှာမဟုတ်လောက်ဘူး အဲ့ဒီကျွန်းတွေနဲ့သတ္တုတွင်းတွေဆိုရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုသူကဘယ်လိုလုပ်သိမှာလဲ? ကျွန်မတို့ဘာလို့ဒီလိုမလုပ်လဲ... ချန်းနင်ရဲ့အဖေက ဒီလောကမှာကျင်လည်နေတာနှစ်ပေါင်းများစွာရှိပြီမို့လို့ သူကအတွေ့အကြုံရှိတယ်... ပြီးတော့လည်းအိမ်မှာကျန်ခဲ့တဲ့သူရဲ့ကလေးနှစ်ယောက်ဆိုရင် သူတို့အဖေနောက်ကိုအမြဲလိုက်နေကြတာ အဲ့တော့သူတို့လည်းစီမံခန့်ခွဲရေးအလုပ်တွေကိုတော်တော်သိကြတယ်ရယ်... ဘာလို့ချန်းနင်ရဲ့ပိုင်ဆိုင်မှုတွေကို သူ့အဖေနဲ့အစ်ကိုတွေကိုမစီမံခိုင်းမှာလဲ?

ပထမဆုံးအချက်က သခင်လေးကရှန်ကလည်း ရှန်အဖွဲ့အစည်းကြီးတစ်ခုလုံးနဲ့တင်အလုပ်ရှုပ်နေတာ ချန်းနင်ကလည်းဒီစီးပွားရေးတွေအကြောင်းသိတာမဟုတ်ဘူးလေ..  သူ့အဖေနဲ့အစ်ကိုတွေကသာ သူ့အခက်အခဲတွေကိုအတူရင်ဆိုင်ပေးမယ်ဆိုရင် သခင်လေးရှန်အတွက်လည်းပိုလွယ်ကူသွားတာပေါ့...ဒုတိယတစ်ခုက ဒီလိုကိစ္စမျိုးတွေကို သူတို့မိသားစုတွေဆီအပ်ထားတော့ ဝန်ပိုလျော့စေတာပေါ့... မိသားစုတွေကအချင်းချင်းပစ်မထားတတ်ကြပါဘူး...ကျွန်မတို့ကသူ့အတွက်သေချာစီစဉ်ပေးမယ်ဆိုတာသေချာတယ်..ကဲ ရှင်ဘာပြောမလဲ?"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now