ရှန်ယွီရှန်းကတော့ ချန်းနင်၏ နူးညံ့လှသော လှုပ်ခတ်နေသည့်မျက်တောင်လေးများအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ထိုမျက်ဝန်းလေးများမှခံစားချက်များကို ကောင်းကောင်းမမြင်ရသော်လည်း ၎င်းကခုနကသူပြောနေသည့်အကြောင်းအရာကိုဆက်ပြောဖို့မတားနိုင်ပေ။

"မင်းဆက်ပြီး(စာ)လေ့လာချင်သေးလား?"

ချန်းနင်က ခေါင်းမော့လာကာ သူ၏စိန်အနက်ရောင်ကဲ့သို့တလက်လက်တောက်ပနေသောမျက်ဝန်းလေးများဖြင့် ရှန်ယွီရှန်းကိုမော့ကြည့်လာတော့သည်။

"အဲ့လိုအစီအစဉ်တော့မရှိဘူး"

"သြော်...အဲ့တာဆိုရင်မင်းကအနာဂါတ်မှာဘာလုပ်မှာလဲ?"

"အနာဂါတ်မှာဘာတွေဖြစ်လာနိုင်မလဲ ဘယ်သူမှမသိနိုင်ဘူးလေ"

ဒီကောင်ကစကားနည်းတဲ့လူလို့သူကြားထားတာပါ?
ဒီနေ့ကျဘယ်လိုဖြစ်လို့ဒီလောက် စကားများနေရတာပါလိမ့်နော်?

"ဒါဆိုရင် တစ်နှစ်အတွင်းမှာရော?"

"ဖြစ်နိုင်တာက...ကျွန်တော်မသိဘူးလေ"

ဟယ့်ချန်းနင်ကအမှန်တိုင်းပြောနေခြင်းပင်။ တစ်နှစ်အတွင်း၌ သူမည်သည်ကိုလုပ်ရမည်မှန်း ယခုအထိကောင်းကောင်းအတည်မပြုနိုင်သေးပေ။

ရှန်ယွီရှန်းသည်ကား ကိစ္စရပ်များကိုသူ့ထိန်းချုပ်မှုအောက်မှအလွတ်ခံမည့်လူစားမျိုးမဟုတ်။ ဒီကောင်လေးက သူ့စိတ်ဝင်စားစရာလေးဖြစ်လာသလို မကြာခင်သူ့ဇနီးဖြစ်လာတော့မည်မို့ သူ့အပိုင်ဟုပင်ဆိုရမည်။ ယွီရှန်းအတွက် သူပိုင်သောအရာများနှင့်ပက်သက်လျှင် အလွန်ကာကွယ်တတ်၍ ပိုင်ဆိုင်လိုစိတ်ကြီးမား၏။

ယင်မိသားစုမှမိန်းမနှစ်ယောက်ကတော့ ရှန်ယွီရှန်းကိုမသိကောင်းမသိပဲနေလိမ့်မည်။ သို့သော်လည်း ယင်ကျိနျန်ကတော့ သူ့အကြောင်းကိုကောင်းကောင်းသိသလို ရှန်ယွီရှန်း၏နေထိုင်ပုံကိုပါကောင်းမွန်စွာနားလည်၏။ သူ့နားလည်မှုနှင့်သိရှိမှုက စီးပွားရေးအတွက်ဆိုသော်လည်း ယခုဖြစ်နေသည့်ကွာခြားမှုကို နားလည်ဖို့တော့လုံလောက်သေးသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now